နှောင်းငယ်ရဲ့စကားအဆုံးမှာတော့ စေ့မှာ ငိုရခက် ရယ်ရခက်။ စေနဲ့ဆင်တူအင်္ကျီဝယ်တာက ညအိပ်ဝတ်ဆိုတာကိုက လက်ခံပါသေးတယ်။ ဒါပေမယ့် Pokémon အရုပ်နဲ့ ဝမ်းဆက်ဆိုတာက စေ့အတွက် နည်းနည်းတော့ အူကြောင်ကြောင်နိုင်တာ အမှန်ပင်။ နောက်ပြီး Buy 1 Get 1 မို့ ဝယ်လာတာတဲ့လေ။ ချစ်သူနှစ်ဦးကြားမှာ တန်ဖိုးကြီးလက်ဆောင်တွေထက် ဒီလိုမျိုး အသေးအမွှားလတွေက အစ ကြည်နူးရင်ခုန်ဖို့ကောင်းတယ်ဆိုတာ နှောင်းငယ်နဲ့ကျမှ စေ ခံစားသိရှိခဲ့ရတာပင်။ နှောင်းငယ်နဲ့ဆင်တူဝတ်ရမှာဆိုတာနဲ့တင်ကို Pokémon မကလို့ Hello Kitty ဆိုရင်တောင် စေ ပျော်ပျော်ကြီး ဝတ်ပစ်လိုက်မှာပဲဖြစ်သည်။

"မောင် အဆင်ပြေရဲ့လားဟင်.... မဝတ်ချင်လည်းရတယ်နော်"

စေ့လက်ထဲက အိတ်ကို ဆွဲယူနေတဲ့ နှောင်းငယ်ကြောင့် အိတ်ကိုင်ထားတဲ့လက်ကို စေ အပေါ်မြှောက်လိုက်တော့ နှောင်းငယ်က ခြေဖျားလေးထောက်ကာ မမှီမကမ်း လှမ်းယူသည်။ သို့ပေမယ့် စေ့ရဲ့ရှည်လျားတဲ့အရပ်ကြောင့် နှောင်းငယ်မှာ ခုန်ဆွခုန်ဆွဖြစ်နေပြီး အထုတ်ကိုတော့ ယူလို့မမှီပေ။ နှောင်းငယ်ရဲ့ခါးကို လက်တစ်ဖက်နဲ့ပွေ့ဖက်လိုက်ပြီး

"မောင်က နှောင်းငယ်နဲ့ဆင်တူဆိုတော့ ဘယ်လိုဖြစ်ဖြစ် သဘောကျပြီးသားပါ.... ဒါပေမယ့် မောင်တွေးနေတာက နှောင်းငယ်လည်း ဒီည ဒီဝမ်းဆက်ကို ဝတ်အိပ်ရင်ကောင်းမလားလို့.... ဒါဆို ဒီည မောင်တို့နှစ်ယောင် ဆင်တူဖြစ်သွားပြီလေ.... ဘယ်လိုလဲ"

မျက်ခုံးပင့်ကာ မေးလာတဲ့မောင့်ကို နှောင်း ရယ်ရင်း ခေါင်းငြိမ့်ပြလိုက်မိသည်။

"မောင် ရေအရင်သွားချိုးနှင့်လိုက်နော်.... နှောင်း မောင့်အတွက် အိပ်ရာပြင်ပေးထားပေးမယ်"

"အိုခေ"

မောင့်အိုခေက ရိုးရိုးတန်းတန်း အိုခေမဟုတ်ဘဲ နှောင်းရဲ့ပါးဖောင်းဖောင်းလေးကို ရန်ရှာပြီးတော့မှ အိုခေလုပ်သွားတာမို့ ရေချိုးခန်းထဲ ဝင်သွားတဲ့မောင့်ကို သူမမြင်ပေမယ့်လည်း မျက်စောင်းထိုးလိုက်မိသည်။

စေ ရေချိုးခန်းထဲရောက်တော့ နှောင်းငယ်ပေးထားတဲ့ အဝတ်အိတ်ကို တံခါးမှာချိတ်ထားတဲ့ Hanger မှာ ချိတ်ထားလိုက်ပြီး နှောင်းငယ်ရဲ့ ရေချိုးခန်းကျဉ်းလေးကို မျက်စိကစားကာ သေချာကြည့်လိုက်ရင်း ရေချိုးခန်းထဲက စင်လေးမှာ အစီအရီတင်ထားတဲ့ မျက်နှာသစ်ဆေးကအစ Body Scrub ဘူးအဆုံး အကုန်လုံးကို သေချာလိုက်ကြည့်ကာ နှောင်းငယ်ရဲ့ ကမ္ဘာငယ်လေးထဲကို တစ်စိတ်တစ်ပိုင်း ရောက်လာခဲ့ပြီဆိုတဲ့ ကြည်နူးစိတ်ကြောင့် သတိမထားမိခင်မှာပင် ပြုံးလိုက်မိပြန်သည်။ နှောင်းငယ်နဲ့တွေ့မှ စေ့မှာ ပြုံးရယ်နေမိတာ အကြိမ်ပေါင်းမနည်းပေ။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now