"နှောင်းငယ်ကလည်း မောင် ဘယ်လိုစိတ်ချမှာလဲလို့.... ခုတောင် တွေးရင်းရင်တွေပူလာပြီ.... မဟုတ်တဲ့အတွေးတွေ ခေါင်းထဲက ထုတ်ပလိုက်ပါကွာ... နော် လိမ္မာတယ်"
"မောင် စိတ်ပူသလို နှောင်းလည်း မောင့်ကိုစိတ်ပူတယ်လေ"
အပြန်အလှန်စိတ်ပူနေကြတဲ့အဖြစ်မို့ စေ ကြံရာမရစွာ ခေါင်းက ဆံပင်တွေကို ဖွလိုက်မိသည်။ ဒီအရေးက မဟော်သဓာ တရားစီရင်ခန်းထက်တောင် ဖြေရှင်းရခက်နေပါပြီကော။
"နှောင်း အကြံရပြီ"
"မောင့်ကိုလိုက်ပို့ပေးပြီး တစ်ယောက်တည်းပြန်မယ်ဆိုတာကလွဲရင် ကြိုက်တာပြော"
မောင့်ကို နှောင်း မျက်စောင်းထိုးလိုက်ရင်း
"ဦးကို အကူအညီတောင်းကြည့်လိုက်မယ်လေ"
အပေါ်ထပ်ကို လက်ညှိုးထိုးပြပြီး အသည်းယားစရာအမူအရာလေးနဲ့ နှောင်းငယ်စကားကို ဆက်စပ်တွေးရင်းနဲ့မှ လက်ခနဲအကြံတစ်ခုရကာ နှောင်းငယ်ရဲ့လက်ကို ဆွဲကာ ခါးလေးကိုဖက်ထားလိုက်ရင်း
"ရောင်နီ့ကို အကူအညီတောင်းမယ့်အစား မောင် ဒီမှာပဲ အိပ်သွားမယ်ဆိုရင်ရော"
"ဟမ်"
မောင့်အပြောကို နှောင်းမှာ ပါးစပ်အဟောင်းသားဖြင့်သာ အံ့ဩနေရတော့သည်။ နောက်ဆုံးတော့လည်း.............
"မောင့်အတွက်" ဟုဆိုကာ အထုတ်တစ်ထုတ်ကို ကမ်းပေးလာတာကြောင့် စေ ယူကြည့်လိုက်တော့ အဝါနုရောင် တီရှပ်ကိုမှ ရှေ့တစ်ခြမ်းလုံးက Pokémon Sticker နဲ့ဖြစ်ကာ ဘောင်းဘီမှာလည်း Sport Pant အသားကို ဘောင်းဘီအိတ်ကပ်မှာ Pokémon Sticker ကပ်ထားတဲ့ အဝါနုရောင်လေးဖြစ်နေသည်။
"ဒါက"
"မောင့်အတွက်လေ"
"ဗျာ"
"ဟီးး နှောင်း ဟိုတစ်ခါ ရှော့ပင်းထွက်ရင်း ဒီဝမ်းဆက်လေးကို တွေ့ခဲ့လို့လေ.... အစက နှောင်းအတွက်ပဲ ညအိပ်ဝတ်ဝယ်မလို့ပါ ဒါပေမယ့် သူက Buy 1 Get 1 မောင်ရဲ့.... Stock လက်ကျန်ရှိသလောက်ကိုပဲ ရောင်းပေးတာ... အာ့နဲ့ မောင်နဲ့အင်္ကျီဆင်တူလေးလည်း ဖြစ်သွားအောင် မောင့်အတွက်ပါ ဝယ်ခဲ့လိုက်တာ.... ဒါပေမယ့် ဒီဒီဇိုင်းက မောင့်အကြိုက်မဟုတ်တော့ မောင့်ကိုပေးရမှာ အားနာလို့.... နှောင်းပဲ ဝတ်တော့မယ်ဆိုပြီး သိမ်းထားတာ.... ခု မောင် ဒီမှာအိပ်မယ်ဆိုတော့ ဒါလေးနဲ့ အဝတ်အစားလဲချင်ရင် လဲလို့ရအောင်ပါ... ခု အဝတ်အစားက မောင် အနေခက်မှာစိုးလို့"
💕Pokémon💕
Mula dari awal
