"မောင့်"
"ဗျာ"
နှောင်းခေါ်တော့လည်း ထူးရှာပါတယ်။ မျက်နှာငယ်လေးနဲ့ပေါ့။
"မူးနေတဲ့သူက ကားကို ကိုယ်တိုင်မောင်းရလား မောင်ရဲ့.... ဒါ ဘယ်လောက်အန္တရာယ်များတဲ့ ကိစ္စလဲ ဟမ်"
"မောင် မမူးပါဘူး နှောင်းငယ်ရဲ့.... နောက်ပြီး မောင့်ရဲ့အယ်လ်ကိုဟော လယ်ဗယ်က အရမ်းမြင့်တယ်.... တော်ရုံဆို သိပ်မမူးဘူး.... ခုဟာက လာကမ်းသမျှခွက်တွေကို နည်းနည်းစီသောက်ရင်း နှစ်ပင်လိမ် သုံးပင်လိမ်တွေဖြစ်သွားလို့ ခေါင်းလေးနောက်သွားရုံတင်ပါ"
"......................"
"တကယ်ပြောတာပါဆို"
နှုတ်ခမ်းလေးဆူကာ စေ့ကို စိတ်ဆိုးနေတာထက် စိတ်ပူပြီး ဒေါသတွေထွက်နေတဲ့ နှောင်းငယ်လေးကို စေမြတ်နိုးစွာဖြင့် နှဖူးလေးကို နမ်းလိုက်ရင်း လက်ကလေးတွေကိုလည်း ဆုပ်ကိုင်ထားကာ ချော့နေမိသည်။ တကယ်လည်း စေ မမူးနေပါ။
"ကဲပါ နှောင်းငယ်ရယ်.... မောင့်ကို စိတ်မပူနဲ့တော့ဟုတ်ပြီလား.... မောင်ခုပြန်လိုက်မယ်... အိမ်ရောက်ရင် ဖုန်းဆက်လိုက်မယ်နော်"
"ဟင့်အင်း မောင့်ကို နှောင်းစိတ်မချဘူး"
"မောင်က ကားနဲ့ဖက်မွေးလာတဲ့သူပါ နှောင်းငယ်ရဲ့... မောင် ကားမောင်းကျွမ်းကျင်ပါတယ်.... ဒီလောက်က မောင့်လစ်မစ်ထိမရောက်သေးဘူးရယ်"
"ကိုယ်က ဘယ်လောက်ပဲ ကျွမ်းကျင်ကျွမ်းကျင် တစ်ဖက်က မှားလာရင် ကိုယ်လည်း အန္တရာယ်ဖြစ်မှာမောင်ရဲ့.... မရဘူး နှောင်းမောင့်ကို စိတ်မချဘူး... နှောင်းကိုယ်တိုင် မောင့်ကို ကားမောင်းပြီး လိုက်ပို့ပေးမယ်"
နှောင်းငယ်စကားကို နားထောင်ပြီးချိန်မှာတော့ စေ့ရဲ့နောက်နေတဲ့ခေါင်းပင် ချက်ချင်းပြန်ကြည်သွားပြီး။အချိန်တွေ ရပ်တန့်သွားသလိုတောင် ထင်ရလောက်တဲ့အထိပင်။
"အာ့ဆို မောင့်ကို ပြန်လိုက်ပို့ပြီးရင် နှောင်းငယ်ကိုဘယ်သူပြန်လိုက်ပို့မှာလဲ"
"နှောင်းဘာသာ ကားငှား ပြန်မှာပေါ့လို့"
ဒီတစ်တခါ ဘုရားတရတဲ့သူကတော့ စေဖြစ်မယ်ထင်။ ကိုယ်ကျိုးတွေတော့ နည်းကုန်တော့မှာပဲ။
💕Pokémon💕
Start from the beginning
