"ခေါင်းကြည်သွားအောင် သောက်လိုက်ဦးမောင်"

နှောင်းပေးတဲ့ ပျားသံပုရာရည်ကို သောက်နေတဲ့မောင့်နား နှောင်းထိုင်လိုက်ရင်း

"ဘယ်လိုဖြစ်တာလဲ မောင်ရယ်"

မောင်က စားပွဲပေါ် ခွက်အလွတ်လေးကို တင်လိုက်ကာ နှောင်းပုခုံးပေါ်ကို ခေါင်းတင်ကာ မှီလိုက်တာမို့ နှောင်း ကိုယ်လေးကျုံ့သွားရသည်။

စေ ခေါင်းကို နှောင်းငယ်ပုခုံးပေါ်မှီလိုက်တဲ့အချိန်မှာ သတိအနေအထားဖြစ်သွားတဲ့နှောင်းငယ်ကြောင့် စေပြုံးလိုက်မိရင်း ပေါင်ပေါ်တင်ထားတဲ့နှောင်းငယ်ရဲ့လက်ဖဝါးလေးတစ်ဖက်ကို ဆုပ်ကိုင်ထားလိုက်မိသည်။

"ဧည့်ခံပွဲမှာ နည်းနည်းသောက်လိုက်မိတာ..... ဒါပေမယ့် ဟိုလူကလာမိတ်ဆက် ဒီလူကလာမိတ်ဆက်နဲ့ သောက်လိုက်တာ နည်းနည်းများသွားလို့... ခေါင်းထဲနောက်နေရုံပါ... မောင် မမူးပါဘူး"

"ဟွန့် ပြီးတာပဲ.... ဒါနဲ့ ကုမ္ပဏီနှစ်ပတ်လည် ဧည့်ခံပွဲရော အဆင်ပြေပြေ ပြီးသွားရဲ့လား.... နှောင်းက မောင့်ကို အိပ်ခါနီးမှ စာပို့မလို့လေ"

"ပွဲက အဆင်ပြေပြေနဲ့ပြီးသွားပါတယ်.... ဒါပေမယ့် မောင်ကတော့ တကယ်ကိုအဆင်မပြေဘူး.... သိသိ မသိသိ အကုန်လုံးကို ဟန်ဆောင်ရယ်ပြနေရတော့ ပါးတွေတောင် ညောင်းတယ်"

"မောင်ကတော့ ဖြစ်ရမယ်"

"နှောင်းငယ်ပုခုံးပေါ်မှာ မှီရင်း ခဏမှေးလိုက်ဦးမယ်... နောက် နာရီဝက်လောက်နေရင် မောင့်ကိုနှိုးနော်"

"ဟင် မောင်ကလည်း မမှေးနဲ့တော့လေ.... ဒီထက်နောက်ကျရင် ကားငှားလို့မရဘဲ နေလိမ့်မယ်"

"မောင်က မောင့်ကားနဲ့မောင် လာတာလေ"

"ဟင် ဒါဆို ဘယ်သူမောင်းပေးတာလဲ"

"မောင့်ဘာသာမောင်းတာလေ"

ဗုဒ္ဓေါ!!!!!!

မူးနေတဲ့သူက ကားကို ကိုယ်တိုင်မောင်းလာတယ်ဟု ဆိုလာတာကြောင့် နှောင်းစိတ်ထဲကနေ ဘုရားတလိုက်မိသည်။ ထို့နောက် စိတ်ပူစွာဖြင့် မောင့်ကို အော်လိုက်ရင်း ပုခုံးပေါ်က မောင့်ခေါင်းကို လက်နဲ့တွန်းလိုက်ကာ မောင့်မျက်နှာကို သေချာကြည့်လိုက်သည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now