💕💕💕💕💕
၂ လခန့်ကြာသော်
"ဟင် မောင်"
မောင်က နှောင်းအခန်းရှေ့မှာ ရောက်နေတယ်ဟုဆိုကာ ဖုန်းဆက်လာတာကြောင့် နှောင်း တံခါးဖွင့်ကြည့်လိုက်တော့ တကယ်ပင် မောင်က အခန်းရှေ့မှာ ရောက်နေပြီး နှောင်းကို ပြုံးပြနေသည်။
"မောင်.... ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
ဒါ နှောင်းမေးသင့်တဲ့မေးခွန်းပင်။ ဘာကြောင့်လဲဆိုတော့ အချိန်က ည၁၀နာရီကျော်နေပြီလေ။
"လွမ်းလို့"
"ဟင်"
လွမ်းလို့ဟုဆိုကာ နှောင်းကို ဖက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးက နှောင်းပေါ်မှီချလိုက်သလိုမို့ နှောင်းမှာ ယိုင်ခနဲ။ အရက်နံ့ရလိုက်တာကြောင့် မောင် မူးလာတယ်ဆိုတာ သေချာသွားသည်။ မောင်က နှောင်းကို ဖက်ထားရာမှ မလွှတ်တာမို့
"မောင် မူးလာတာလား"
"..................."
"မောင့်"
"အင်း"
"မူးလာတာလားလို့"
"မမူးပါဘူး.... ဒါပေမယ့် မောင် နည်းနည်းတော့ သောက်ထားတယ်"
နှောင်းကိုဖက်ထားတဲ့ မောင့်ကို အသာတွန်းကာ မျက်နှာကို သေချာကြည့်လိုက်တော့ မျက်လုံးတွေက အနည်းငယ်ရီဝေနေတာကလွဲလို့ တစ်ခြားဘာမှမဖြစ်။
"မောင် လမ်းလျှောက်လို့ရတယ် ဟုတ်.... ဆိုဖာမှာ ခဏသွားထိုင်လိုက်နော်.... နှောင်း တံခါးပိတ်ပြီး မောင့်အတွက် သံပုရာရည်ဖျော်လာပေးမယ်"
"အွန်း"
မောင်က နှောင်းစကားကို နာခံစွာဖြင့် အခန်းထဲက ဆိုဖာရှိရာကို လမ်းလျှောက်သွားသည်။ မောင်လမ်းလျှောက်တဲ့ပုံစံကို ကြည့်လိုက်တော့ ခြေလှမ်းလည်း မှန်နေတာမို့ မောင် အရမ်းမူးနေတာမဟုတ်မှန်း နှောင်းခန့်မှန်းလိုက်မိသည်။ သက်ပြင်းချလိုက်ရင်း နံရံကပ် ဗီဒီုထဲက ပျားရည်ပုလင်းကိုထုတ်ကာ ဖွင့်လိုက်ရင်း ပျားရည်တစ်ဇွန်းကို သံပုရာရည်အနည်းငယ်နဲ့ရောကာ ရေနွေးခပ်နွေးနွေးလေးဖြင့် ဖျော်လိုက်သည်။ ပြီးတော့ ဆိုဖာမှာ ထိုင်နေတဲ့မောင့်ကို ကမ်းပေးလိုက်ပြီး
💕Pokémon💕
Comenzar desde el principio
