"အာ့ဆို ငါပြန်တော့မယ် နှောင်းရေ"

"နင်ကလည်း ငါလည်းအလုပ်သွားမယ့်ဟာကို ဒီမှာပဲ အိပ်နေပါလား"

"တော်ပါပြီဟယ်.... ငါသွားတော့မယ်နော်"

"အေးအေး"

လင်းပြန်သွားတာနဲ့ နှောင်းလည်း ပြင်ဆင်စရာရှိတာပြင်ဆင်နေလိုက်သည်။ အားလုံးပြင်ဆင်လို့ပြီး၍ ခေါင်းဖြီးခါနီးမှာ  တံခါးခေါက်သံကြားလိုက်ရတာကြောင့် ဘီးကိုကိုင်ကာ တံခါးပြေးဖွင့်ပေးလိုက်သည်။ ထင်တဲ့အတိုင်း မောင်ဖြစ်နေတာကြောင့် နှောင်းမောင့်ကို ပြုံးပြလိုက်ပြီး

"မောနင်းပါ မောင်"

"မောနင်း နှောင်းငယ်"

အထုတ်တွေဆွဲလာတဲ့မောင် အခန်းထဲဝင်လို့ရအောင် နှောင်းက နံရံဘက်ကို ကိုယ်‌လေး အနည်းငယ် ကပ်ပေးလိုက်သည်။ ‌ပြီးမှ နှောင်းတံခါးပိတ်ကာ မောင့်နောက်ကိုလိုက်သွားပြီး စားပွဲပေါ် အထုတ်တွေတင်ကာ ဝယ်လာတဲ့မုန့်တွေကို ထုတ်နေတဲ့ မောင့်နားသွားကာ

"ဘာတွေဝယ်လာတာလဲမောင်"

"အာလူးပူရီရယ်..... ပဲနံပြားရယ်.... လက်ဖက်ရည်ရယ် နှောင်းငယ်"

မွ!!!!!!!

ပြောရင်း မောင်က နှောင်း နှုတ်ခမ်းလေးကို ထိတွေ့ရုံနမ်းလိုက်ပြီး

"မနေ့ညက ဘယ်လောက်တောင် သောက်ထားတာပါလိမ့်.... မျက်နှာလေးက အမ်းနေတယ်"

"ဟင် ဟုတ်လား အရမ်းသိသာနေလား"

မျက်နှာလေးကို လက်ဝါးနဲ့အုပ်ကာ မလုံမလဲလေး ပြန်ဖြေလာတဲ့ နှောင်းငယ်ပုံစံက တကယ့်ကို မြတ်နိုးချင်စရာလေးမို့ နှောင်းငယ်ရဲ့ပါးဖောင်းဖောင်းလေးတွေကို စေအသာဆွဲညှစ်လိုက်ပြီး

"အရမ်းတော့ မသိသာပါဘူး.... နှောင်းငယ် ခေါင်းမဖြီးရသေးဘူးမလား..... မောင် ဒီမှာ အကုန်ပြင်ဆင်ပေးထားမယ်.... နှောင်းငယ်လုပ်စရာရှိတာ အရင်ပြီးအောင် သွားလုပ်နော်"

"ဟုတ်"

စေ့စကားကို နာခံစွာဖြင့် နှောင်းငယ်က မှန်ရှေ့မှာ ဆံပင်သွားစည်းနေပြီး စေက‌တော့ ဝယ်လာတာတွေကို ပန်းကန်ထဲမှာထည့်ရင်း ပြင်ဆင်နေသည်။ စေပြင်ဆင်ပေးလို့ပြီးချိန်မှာ နှောင်းငယ်က ထိုင်ခုံလေးမှာ ဝင်ထိုင်ရင်း စေနဲ့အတူတူ မနက်စာ စားကာ ပြီးတာနဲ့ နှောင်းငယ်ကို ကုမ္ပဏီလိုက်ပို့ပေးကာ စေလည်း ကုမ္ပဏီကို ပြန်ဦးတည်လိုက်ရသည်။

💕 Feeling of Love 💕 (Unicode Ver)Donde viven las historias. Descúbrelo ahora