💕Pokémon💕

Mulai dari awal
                                        

"ရောင်နီက ငါ့ကို စ,ထားလို့ပါဟာ...... အာ့ကြောင့် စိတ်ဆိုးနေတာလည်း ပါတယ်.... ငါတကယ်လည်း အလုပ်များနေလို့ပါဟ"

"ဦးကို နင့်ကိုယ်စား ငါဆုံးမပေးမယ်.....သူ့ကြည့်တော့ ငါတို့ထက်တောင် ငယ်သေးတာကို ငါတို့ကိုဆို တအားဆရာလုပ်တာ"

"ဟုတ်ပါပြီ မွေးနေ့ရှင်လေးရယ်..... စိတ်လျော့ပါဟ.... ငါ မြို့ထဲကနေ ဂဏန်းပျော့ကြော် ဝယ်လာခဲ့တယ် နောက်ပြီး ဝိုင်ပုလင်းလည်းပါတယ်.... ငါတို့ ဒီညတူတူသောက်ရအောင်"

"အိုခေ"

ထို့နောက် ခွက်တွေထုတ်ကာ နှစ်ယောက်သား အခန်းတံခါးပိတ်ပြီး ဝိုင်သောက်ကာ စကားပြောကြနဲ့ အချိန် ည ၁နာရီကျော်မှ အိပ်ဖြစ်သွားသည်။

မနက်ရောက်တော့ မောင်ဖုန်းဆက်ချိန်မှ နိုးလေသည်။ နာရီကြည့်တော့ ၇နာရီခွဲပြီ။

"ဟယ်လို မောင်"

"မောနင်း‌ နှောင်းငယ်.... မောင်ရောက်ခါနီးပြီနော်..... နောက် ၁၅မိနစ်လောက်ဆို ရောက်ပြီ"

"ဟင်.... နှောင်းခုမှနိုးတာမောင်ရဲ့.... ညက လင်းနဲ့စကားပြောရင်း အိပ်တာနောက်ကျသွားလို့"

"ဟုတ်လား.... အာ့ဆို မနက်စာကို ဆိုင်မှာသွားစားဖို့ အဆင်မပြေလောက်တော့ဘူး..... အလုပ် နောက်ကျသွားလိမ့်မယ်..... မောင် လမ်းကနေ ဘာဝယ်လာခဲ့ပေးရမလဲ"

"ရတယ်မောင် အဆင်ပြေတာပဲဝယ်ခဲ့..... အော် ခဏလေး မောင် လင်းလည်းရှိနေတော့ သူရော ဘာစားမလဲမေးလိုက်ဦးမယ်"

"အိုခေ"

စေ ဖုန်းကိုင်ထားရင်းမှ တစ်ဖက်ကနေ နှောင်းငယ်ရဲ့ သူငယ်ချင်းကို ဘာစားမလဲ မေးနေတဲ့အသံကို ကြားနေရတာမို့ ပြုံးလိုက်မိသေးသည်။

"မောင်"

"ဗျာ"

"လင်းက ခုအဆောင်ကိုပဲပြန်မှာတဲ့.... သူမစားတော့ဘူးပြောတယ်"

"အိုခေ ဒါဆို မောင်နဲ့နှောင်းငယ်အတွက်ပဲ ဝယ်လာခဲ့တော့မယ်နော်"

"ဟုတ်.... အာ့ဆို ဒါပဲနော်မောင် နှောင်းရေချိုးလိုက်ဦးမယ်"

မောင့်ကို ပြောပြီးတာနဲ့ နှောင်းဖုန်းတန်းချကာ ရေချိုးခန်းထဲ ပြေးဝင်ရတော့သည်။ ရုံးချိန်က ကပ်နေပြီမဟုတ်ပါလား။ ရေမိုးချိုးပြီး ပြန်ထွက်လာတော့ လင်းက မနေ့ညက ဝတ်အိပ်ထားတဲ့ နှောင်းရဲ့အင်္ကျီကိုလဲပြီးနေပြီဖြစ်သည်။ နှောင်း ရေချိုးခန်းထဲက ထွက်လာတာနဲ့ လင်းက ရေချိုးခန်းထဲ ဝင်သွားပြီး မျက်နှာသစ် သွားတိုက်ကာ ပြန်ထွက်လာသည်။

💕 Feeling of Love 💕 (Unicode Ver)Tempat cerita menjadi hidup. Temukan sekarang