နမ်းနေရင်း လက်တွေက နှောင်းငယ်ရဲ့ရင်ဘတ်ပေါ် ရောက်သွားပြီး အောက်ခံဘာမှမဝတ်ထားတာကို သိလိုက်ရတာမို့ မနေနိုင်စွာ တစ်ချက်ညှစ်လိုက်မိတော့ နှောင်းငယ်က အ,ခနဲအော်ကာ စေ့ကို တွန်းဖယ်လာသည်။
"ဟို.... ဒီမှာပဲရပ်လိုက်ရအောင်နော် မောင်"
"ဆော်ရီး မောင် နှောင်းငယ်ဆီက အရင်ခွင့်ပြုချက်တောင်းလိုက်သင့်တာ.... ဒါပေမယ့် နှောင်းငယ်က ဟို....ဟို အောက်ခံဘာမှမဝတ်ထားတော့... မောင်က စိတ်လွတ်သွားလို့"
"တမင်မဝတ်တာမဟုတ်ပါဘူးနော်.... အိမ်မှာနေရင်း ဒီလိုပဲနေတာမို့ ဝတ်ဖို့ကို သတိမရလိုက်မိတာ..."
မျက်နှာတွေက ထူအမ်းပြီး ပူအိုက်သလိုခံစားလာရတာမို့ နှောင်းစိတ်လှုပ်ရှားနေတယ်ဆို ကိုယ်တိုင်သာ သိသည်။ ဟိုတစ်ခါ မောင်နဲ့ထိတွေ့ပြီးကတည်းက ခုမှ ဒုတိယအကြိမ်ဆိုတော့ နှောင်း ရှက်တာတော့ ရှက်နေတုန်းပင်။
"ဟို... ဒီမှာပဲ ရပ်လိုက်ကြရအောင်... နှောင်းတို့အိပ်ကြမယ်... အချိန်လည်း မစောတော့ဘူး"
ပြောပြီး ကုတင်ပေါ်တက်သွားတဲ့နှောင်းငယ်ဟာ မျက်နှာလေးရဲကာ ရှက်နေတာမို့ စေ စ,ချင်လာကာ ကြမ်းပြင်ပေါ်ထိုင်နေရင်း ကုတင်ပေါ်လက်တင်ကာ မေးထောက်ထားရင်း
"ဘာလို့လဲ"
"ဘာကိုလဲ"
"ဘာလို့ရပ်လိုက်တာလဲ.... Don't Touch ဆိုရင်တောင် မောင်တို့နမ်းလို့ရသေးတယ်လေ... မောင် နှောင်းငယ်ကို နမ်းလို့မဝသေးဘူး"
"မောင်နော် နမ်းလို့မဝဘူးပဲဖြစ်ရသေးတယ်... အခန်းတစ်ခန်းထဲမှာ.... ချစ်သူနှစ်ယောက်.... ပြီးတော့ မောင်က နည်းနည်းလည်းသောက်ထားသေးတယ်.... ခြုံငုံသုံးသပ်လိုက်ရင် စိတ်ထိန်းနိုင်ဖို့ဆိုတာ 99% က မသေချာလောက်ဘူး.... ဆိုတော့ ဒီနေရာမှာ ရပ်တန်းက ရပ်ပြီး မောင်က အဲ့မှာအိပ် နှောင်းက ဒီမှာ အိပ်ကြမယ် ဟုတ်ပြီလား.... ဂွတ်နိုက်"
အခန်းတစ်ခန်းထဲမှာ.... ချစ်သူနှစ်ယောက်.... သောက်ထားတယ် ဆိုတာတွေကို လက်ချောင်းလေးတွေချိုးကာ တရပ်စပ်ပြောသွားရင်း စောင်ကို လည်ပင်းလုံတဲ့အထိ ခြုံကာ ကုတင်ပေါ်မှာ လှဲချလိုက်ပြီဖြစ်တဲ့ နှောင်းငယ်ကို ကြည့်ရင်း စေ သဘောကျစွာ ရယ်လိုက်တော့ နှောင်းငယ်က စေ့ကို ခေါင်းလေးစောင်းကာ လှည့်ကြည့်လာပြီး
"ဘာရယ်တာလဲ"
"ချစ်လို့.... မောင့်နှောင်းငယ်လေးကို သိပ်ချစ်လို့"
စေ့ကို နှုတ်ခမ်းပါးလေးတွေက ပြုံးနေပေမယ့် မျက်စောင်းထိုးသွားတဲ့ ချစ်ရသူ နှောင်းငယ်ရဲ့ လက်ကို စောင်အောက်ထဲကနေ ဆွဲယူလိုက်ရင်း
"ဒါဆို လက်ကလေးတော့ ကိုင်အိပ်မယ်ဆိုရင်ရော စိတ်ထိန်းနိုင်လောက်တယ်မဟုတ်လား"
"မောင်နော်"
"အရမ်းချစ်တယ် ဂွတ်နိုက်"
"နှောင်းရောပဲ မောင့်ကိုချစ်တယ်"
ထိုညက မောင်က ကြမ်းပြင်မှာအိပ်ရင်း ကုတင်ထက်က နှောင်းလက်လေးကို ဆွဲကိုင်ထားပြီး နှောင်းကလည်း ကုတင်ပေါ်မှာ မောင်ရှိတဲ့ဘက်ခြမ်းကို တစ်စောင်းလှဲကာ အိပ်ပျော်သွားတော့သည်။
မနက်မိုးလင်းချိန်မှာ မောင်က ထူးထူးဆန်းဆန်းပြောလာသေးသည်။
"နိုးနိုးချင်း ချစ်သူရဲ့မျက်နှာကိုမြင်ရတာ သိပ်ကြည်နူးဖို့ကောင်းတာပဲ... မောင်တို့လက်ထပ်ကြရအောင် နှောင်းငယ်" ဟုပြောလာတာကြောင့် နှောင်းမှာ မောင့်ရင်ဘတ်ကို ထုကာ "မောင်က အရူးလား"ဟု ပြန်စနောက်ခဲ့သေးသည်။
တကယ်လည်း ချစ်ရတဲ့သူနဲ့ အတူတူနိုးထခွင့်ရတဲ့ မနက်ခင်းက တကယ်ကို လှပပြီး ကြည်နူးဖို့ကောင်းပါသည်။ မျက်နှာသစ်တော့လည်း ရေချိုးခန်းကျဉ်းလေးထဲ နှစ်ယောက်အတူတူ။ မနက်စာစားတော့လည်း နှစ်ယောက်အတူတူ ပြင်ဆင်ကြနဲ့မို့ ဟိုသီချင်းလို "တစ်ကိုင်းတည်းနားတဲ့ငှက်ကလေးတွေ သိပ်ပျော်မှာပဲလေ…… ပျော်မှာပေါ့ မော်မှာပေါ့ ချစ်သူနဲ့ပဲလေ" ဆိုတာမျိုးပေါ့။
💕💕💕💕💕💕💕💕💕💕
အပိုင်း ၃၈ မျှော်
#haru_rin
အလုပ်ထဲမှာ Stress များနေလို့ တစ်ပတ်တစ်ပတ်က ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူး🥴
တင်ပေးမယ်ပြောပြီး မတင်ပေးဖြစ်ခဲ့တဲ့အတွက် ဒီအပိုင်းကို ရှည်ရှည်လေးရေးပေးထားပါတယ်နော်.... Update ကြာတဲ့ သာသာ့ကို မိုတီလေးတွေ ပေးခဲ့ကြပါဦး😘
💕Pokémon💕
Start from the beginning
