"ဟီး... ဒါနဲ့မောင် နှောင်းတို့ ဓာတ်ပုံရိုက်ကြရအောင် Selfie တစ်ပုံလောက်ဖြစ်ဖြစ်ပေါ့"
"အင်း လာလေ"
မောင်က ကြမ်းပြင်မှာ ချခင်းထားတဲ့အိပ်ရာပေါ်မှာ ထိုင်နေရင်း အိပ်ရာကို လက်ကလေးနဲ့ပုတ်ကာ နှောင်းကိုခေါ်နေတာမို့ မောင့်ဘေးနားမှာ စွေ့ခနဲ ဝင်ထိုက်လိုက်သည်။ ပြီးတာနဲ့ မောင်က သူ့နောက်ဆုံးပေါ်ဖုန်းကိုထုတ်ကာ နှောင်းနဲ့အတူတူ Selfie ပုံတွေကို တစ်ပုံထက်မက အများကြီးရိုက်ပေးသည်။ နှစ်ယောက်သား ၁၀မိနစ်လောက် ဓာတ်ပုံတွေရိုက်ပြီးချိန်မှာတော့ ဖုန်းထဲက ပုံလေးတွေကို အတူတူကြည့်နေမိသည်။
မောင်က လက်နောက်ပြန်ထောက်ကာ ထိုင်နေပြီး နှောင်းက မောင့်ဘေးမှာ မောင့်လက်မောင်းကို မှီထားရင်း ထိုင်နေရာကနေ ဖုန်းထဲက ပုံလေးတွေ မောင့်ကိုပြလိုက် ရယ်မောလိုက်နဲ့ မောင့်ရင်ခွင်ကို မှီနေတဲ့အနေအထားမျိုးဖြစ်သွားလေသည်။ နှောင်းရဲ့ နားသယ်စပ်နားမှာ မောင့်ရဲ့ဝင်သက်ထွက်သက်လေငွေ့လေးတွေ ရိုက်ခတ်လာတာကို သတိထားမိချိန်မှာတော့ နှောင်းနောက်ကျသွားခဲ့ပြီ။
မောင်က နှောင်းရဲ့နားထင်လေးတွေကို နမ်းရင်း နှောင်းနားရွက်လေးတွေကိုပါ တတိတိနဲ့ မနာအောင် သွားလေးနဲ့ကိုက်နေတာကြောင့် နှောင်းမှာ ကြက်သီးများထလာရပေမယ့် မောင့်ဆီကနေတော့ ရုန်းထွက်ဖို့ မေ့လျော့နေခဲ့မိတယ်။
စေ လက်နောက်ပြန်ထောက်ထားရာကနေ ခပ်မတ်မတ်ပြန်ထိုင်လိုက်ပြီး စေ့ကိုကျောပေးကာ ထိုင်နေတဲ့နှောင်းငယ်ရဲ့ လည်တိုင်ကို လက်ဖြင့်ထိန်းကာ ဦးခေါင်းကို နောက်သို့လှည့်စေလိုက်ပြီး စေ သဘောကျ နှစ်ခြိုက်ရတဲ့ နှောင်းငယ်ရဲ့နှုတ်ခမ်းပါးလေးတွေထက် စေ့အနမ်းတို့ ကျူးကျော်လာခဲ့သည်။ နမ်းမဝတဲ့နှောင်းငယ်ရဲ့နှုတ်ခမ်းပါးလေးတွေကို နမ်းရှိုက်နေရင်း အားမရစွာ နှုတ်ခမ်းလေးကို လျှာလေးနဲ့ထိတွေ့လိုက်တော့ နှောင်းငယ်ဘက်က နှုတ်ခမ်းလေးကို ဖွင့်ဟကာ ခွင့်ပြုပေးလာတာမို့ စေ့လျှာက နှောင်းငယ်ရဲ့ခံတွင်းအတွင်းသို့ ဝင်ရောက်ရင်း ပြင်သစ်အနမ်းတို့ကို စိတ်တိုင်းကျ ပုံဖော်နေမိသည်။
💕Pokémon💕
Start from the beginning
