တီမြိုင်တို့ဆိုင်မှာ မွေးနေ့ညစာစားပြီးချိန်မှာ မောင်က နှောင်းကို အိမ်ပြန်လိုက်ပို့ပေးသည်။ ကားပေါ်က ဆင်းခါနီးမှာ မောင်က ရေသောက်ချင်လို့ဟုဆိုကာ နှောင်းအခန်းထဲထိလိုက်လာသည်။ တစ်ချို့အရာတွေက အရိပ်ပြရင် အကောင်မမြင်ရလောက်တဲ့အထိ နှောင်း မတုံးအတာမို့ မောင့်အကြံတွေကို ရိပ်မိကာ မသိမသာနဲ့ပြုံးလိုက်မိသည်။ အခန်းထဲရောက်တော့ မောင့်ကို ရေဖန်ခွက် ကမ်းပေးတော့ မောင်က လှမ်းယူကာ ခပ်တည်တည်နဲ့ နှောင်းအခန်းထဲက ဆိုဖာလေးမှာသွားထိုင်ကာ ရေသောက်နေလေသည်။ ရေသောက်ပြီးချိန်မှာ နှောင်းက မောင်ကမ်းပေးလာတဲ့ ရေခွက်ကို သွားယူလိုက်တော့ မောင်က နှောင်းလက်ထဲကို ရေဖန်ခွက် ထည့်ပေးရင်း နှောင်းရဲ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်တာကြောင့် နှောင်းမှာ ထိုင်နေတဲ့မောင့်ပေါင်ပေါ် ဘေးတစ်စောင်းလေး ထိုင်မိသွားသည်။ ဒီလိုလုပ်လိမ့်မယ်လို့ မထင်ထားတာကြောင့် ရုတ်တရက် နှောင်းမှာလန့်သွားရပြီး
"မောင်ကလည်း လန့်သွားတာပဲ"
မောင်က နှောင်းပြောတာကို ရယ်နေပြီး နှောင်းလက်ထဲက ရေဖန်ခွက်ကို ယူကာ ဘေးက စားပွဲလေးပေါ် လှမ်းတင်လိုက်သည်။ ပြီးတော့ နှောင်းရဲ့ခါးကို လက်နှစ်ဖက်ဖြင့် ဖက်ထားက မောင့်ပေါင်ပေါ်မှာထိုင်နေတောကြောင့် အနည်းငယ်မြင့်နေတဲ့ နှောင်းကို ခေါင်းမော့ကာ ကြည့်လာပြီး နှောင်းနှုတ်ခမ်းတွေကို နမ်းဖို့ သူ့မျက်နှာကို နှောင်းမျက်နှာနား တိုးကပ်လာသည်။ နှောင်းက မောင့်ကိုစချင်တာမို့ နှောင်းခေါင်းကို မော့ကာရှောင်လိုက်တော့ မောင့်နှုတ်ခမ်းတွေက နှောင်းရဲ့မေးစေ့ကို နမ်းမိသွားလေသည်။ နှောင်းက ရယ်လိုက်တာမို့ မောင်က နှောင်းကို ကြည့်ကာ
"ဘာလို့ရှောင်လိုက်တာလဲ"
"ဟင်.... ဒီတိုင်း"
ပြုံးစစနဲ့ပြောတဲ့ နှောင်းငယ်ကြောင့် စေ့ကို စနေတယ်ဆိုတာ ရိပ်မိသွားပြီး
"ရတယ်လေ"
"မောင့်..... ယားတယ်လို့..... ဟီးးးး မောင့်"
နှောင်းလည်တိုင်ကြားထဲ မောင့်ခေါင်းက တိုးဝင်လာပြီး တရှုံ့ရှုံ့နဲ့ နမ်းလာတာကြောင့် နှောင်း ယားယံမှုကြောင့် တွန့်လိမ်နေကာ မောင့်ခေါင်းကို နှောင်းလက်နှစ်ဖက်နဲ့တွန်းဖယ်လိုက်တော့ မောင်က နှောင်းကို ဘယ်လိုလဲ ထပ်စဦးမလားဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လာတာကြောင့် နှောင်း ရယ်ချင်စိတ်ကိုထိန်းကာ မောင့်ကို နှုတ်ခမ်းမဲ့ပြလိုက်သည်။ ထို့နောက် နှောင်းရဲ့လက်တွေက မောင့်ခေါင်းကို ထိန်းကိုင်ထားတာကြောင့် မောင့်ဆံပင်လေးတွေကို တို့ထိလိုက်ပြီး
💕 Daffodil 💕
Start from the beginning
