💕 Daffodil 💕

Start from the beginning
                                        

"နင်ကလည်းဟာ နှစ်တိုင်း အတူတူရှိနေပေးပြီးတော့....."

အလိုမကျတဲ့လေသံလေးကို နားထောင်နေရင်း တစ်ဖက်မှာနှုတ်ခမ်းဆူနေပြီဆိုတာ သေချာနေတဲ့ နှောင်းမျက်နှာလေးကို မြင်ယောင်ပြီး ပြုံးလိုက်မိသည်။

"ငါတကယ်တောင်းပန်ပါတယ်ဟာ.... အဲ့အစား ဒီည ငါနင့်အိမ်မှာလာအိပ်မယ်လေနော်"

"ငါက အားလုံးစုံစုံလင်လင်နဲ့ မွေးနေ့လေး ကျင်းပချင်လို့ပါဆို..... ခုတစ်လော ငါတို့တွေဆုံတိုင်း နင်က မအားတာနဲ့ နင့်ကို တွေ့ရတယ်ဆိုတာကို မရှိဘူး.... တီမြိုင်တို့ကတောင် နင် အဆင်မှပြေရဲ့လားဆိုပြီး စိတ်တွေပူနေတာ"

နှောင်းရဲ့စကားကြောင့် လင်းလည်း ခဏတာတွေဝေသွားပေမယ့် မျက်နှာချင်းဆိုင်ဖို့ခဲယဉ်းနေတဲ့အကြောင်းအရာတွေကလည်း ရှိနေတာမို့ လင်း ခေါင်းကို ခါရမ်းကာ တွေဝေနေတာတွေကို မေ့ပစ်ဖို့ကြိုးစားမိသည်။

"မန်နေဂျာ ခေါ်နေလို့ သွားရတော့မယ်နှောင်းရေ.... စိတ်မဆိုးနဲ့နော် သယ်ရင်းလေး...... ဒီည အပြန် နင့်အိမ်လာခဲ့မယ်နော်.... ဘိုင့်ဘိုင်"

နှောင်း ပြန်ဖြေတာကို မစောင့်ဘဲ ဖုန်းကို အလျင်စလိုပုံစံနဲ့ချလိုက်ပြီးမှ လင်း သက်ပြင်းချလိုက်မိသည်။ အမှန်တိုင်းပြောရရင် လင်း ခုချိန်မှာ အမှန်တကယ် စိတ်ရှုပ်နေတာဖြစ်ပြီး ဘယ်သူ့ကို ရင်ဖွင့်ရမှန်း မသိဘဲ မွန်းကြပ်နေတာဖြစ်သည်။ နှောင်းကို ရင်ဖွင့်ဖို့စဉ်းစားပေမယ့်လည်း ဘယ်ကနေ ဘယ်လို စပြီးရှင်းပြရမှန်းလည်း မသိတာကြောင့် လတ်တလော နှောင်းတို့နဲ့မတွေ့ဖြစ်အောင် အကြောင်းအမျိုးမျိုးပြပြီး ရှောင်နေခဲ့တာပင်။ မွန်းကြပ်မှုတွေကြောင့် ဝဲတက်လာတဲ့မျက်ရည်တွေကို မကျအောင် ထိန်းလိုက်မိသည်။ လုပ်ငန်းခွင်ထဲမှာ မဟုတ်ပါလား။ သိပ်ကို ဆန်းကြယ်လွန်းပါတယ် ကံတရားရယ်။

💕💕💕💕💕

ရုံးကအပြန် မောင်က လာကြိုပေးကာ တီမြိုင်တို့ဆိုင်ကို လိုက်ပို့ပေးလေသည်။ လင်း မလာဖြစ်တော့အကြောင်းပြောပြတော့ ဦးက မျက်နှာပျက်သွားတာကို နှောင်းသေချာမြင်လိုက်ရတာကြောင့် ဦးနဲ့လင်းကြားမှာ နှောင်း စင်္ကာပူသွားတုန်းက တစ်ခုခုဖြစ်ထားတာ ကြိမ်းသေသွားသည်။ သေချာပြန်တွက်ကြည့်ရင် နှောင်း စင်္ကာပူကပြန်လာပြီး တီမြိုင်တို့အိမ်မှာ ညစာအတူတူစားပြီးနောက်ပိုင်း သူငယ်ချင်း ၃ယောက် အတူတူမဆုံဖြစ်တာဖြစ်သည်။ နောက်မှ ဦးကို မေးကြည့်တာဖြစ်ဖြစ် ညကျရင် လင်းကို မေးကြည့်တာဖြစ်ဖြစ် တစ်ခုခုတော့ နှောင်းလုပ်ကြည့်ရမယ်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now