"မောင့်"
စိတ်လှုပ်ရှားမှုကြောင့် မောင်လက်ထဲက အိတ်လေးကိုယူကာ အထဲက ဗူးလေးကိုထုတ်ကာ ဖွင့်ကြည့်လိုက်တော့ ပျော်ရွှင်မှုက နှစ်ဆဖြစ်သွားရသည်။ ဒါက နှောင်းလိုချင်နေတဲ့ဆွဲကြိုးလေးပင်။ Online ကနေ အော်ဒါတင်ပေမယ့် နှောင်းလိုချင်တဲ့ဆွဲကြိုးရဲ့ Collection က နောက်မထွက်တော့မယ့် Collection Items မို့ နှောင်း ဘယ်လိုမှ ဝယ်လို့မရခဲ့တာ လွန်ခဲ့တဲ့ ၂လလောက်ကတည်းကပင်။ ဒီဆွဲကြိုးကို နှောင်း ဘယ်လောက်ထိလိုချင်နေသလဲဆို စင်္ကာပူရောက်တုန်းကတောင် စင်္ကာပူက Tiffany & Co ဆိုင်တွေထိ လိုက်ရှာခဲ့သေးတာ ဘယ်လိုမှ မရခဲ့။ ခုတော့ နှောင်းအရမ်းလိုချင်နေတဲ့ဆွဲကြိုးလေးက နှောင်းမျက်စိရှေ့မှာပင်။ ပျော်လွန်းလို့ မောင့်ကို ဖက်လိုက်ပြီး မောင့်ပါးပြင်ကို တစ်ချက်နမ်းလိုက်ကာ
"မောင် ကျေးဇူးအရမ်းတင်တယ်သိလား...... ဒီဆွဲကြိုးလေးက နှောင်းအရမ်းလိုချင်နေတာ ဘယ်လိုမှဝယ်မရလို့ လက်လျော့ထားရတာ.... မောင်ဘယ်ကဝယ်တာလဲဟင်..... နှောင်း ဘယ် Website မှာမှ ရှာလို့ကို မရခဲ့တာ...... နောက်ပြီး ဒီဆွဲကြိုးလေးကို နှောင်းလိုချင်နေမှန်း မောင်ဘယ်လိုလုပ်သိတာလဲ.... နှောင်း မောင့်ကို မပြောပြဖူးဘူးထင်တာပဲရယ်"
"New York က မောင့် မိတ်ဆွေတစ်ယောက်ကို လှမ်းမှာလိုက်တာလေ"
"ဟုတ်လား.... ဒီဆွဲကြိုးလေးက မနှစ်က Collection တွေထဲကဆိုတော့ ပြန်ပြီး မဝင်တော့ဘူးဆိုပြီး စင်္ကာပူက ဆိုင်က ပြောလိုက်တာမောင်ရဲ့"
"ဟုတ်လား"
"အွန်း ဒါနဲ့မောင်က နှောင်း ဒီဆွဲကြိုးလေးကို လိုချင်နေမှန်း ဘယ်လိုလုပ်သိလဲ"
"ဟိုတစ်ခါ စားသောက်ဆိုင်မှာ နှောင်းငယ် အဲ့ဆွဲကြိုးဝယ်ဖို့ Website မှာ ရှာနေတာကို မောင်မြင်သွားတာ"
မောင်ပြောတာကို ပြန်ပြီးစဉ်းစားကြည့်တော့ မောင်နဲ့ညစာအတူတူစားတုန်းက အချိန်ကို ပြန်သတိရသွားသည်။ အဲ့တုန်းက မောင် Toilet သွားနေတုန်း နှောင်း ဒီဆွဲကြိုးဝယ်မရလို့ တစ်ယောက်တည်း လောင်နေရတာဖြစ်သည်။ နောက်မှ သဘောကျစွာ ရယ်လိုက်ပြီး
💕 Daffodil 💕
Start from the beginning
