စေက ကားကိုမှီကာ နှောင်းငယ်ကို အပြင်ထွက်စောင့်နေတာကြောင့် နှောင်းငယ် တိုက်ကထွက်လာတာကို မြင်လိုက်ရသည်။ နှောင်းငယ်က စေ့ကို လက်လှမ်းပြတာကြောင့် စေပြုံးလိုက်ပြီး နှောင်းငယ်ကို ပြန်ပြီးလက်လှမ်းပြလိုက်သည်။ စေ့ဆီကို ခပ်သွက်သွက်လေးလှမ်းလာနေတဲ့ နှောင်းငယ်ဟာ မြန်မာဝတ်စုံဝတ်ထားတာကြောင့် စေ့မှာ မျက်လုံးတောင် မလွှဲနိုင်။ နှောင်းငယ်က မြန်မာဝတ်စုံဝတ်ရတာ စိတ်ကျဉ်းကျပ်တယ်ဟုဆိုတာ ခုလို ဘုရားသွားကျောင်းတက်မှသာ မြန်မာဝတ်စုံကို ဝတ်လေ့ရှိသည်။ ဒါကြောင့်လည်း စေ့အတွက် အမြင်ဆန်းသစ်နေသည်။ စေ အတွေးနယ်ချဲ့နေတုန်းမှာပင် နှောင်းငယ်က အနားကိုရောက်လာတာကြောင့်

"Happy Birthday ပါ မောင့်နှောင်းငယ်"

"ဟီး  ကျေးဇူးပါရှင့်"

ပြန်ပြောလာတဲ့ပုံစံလေးက ချစ်စရာကောင်းနေတာမို့ ဖက်နမ်းပစ်ချင်စိတ်က ထိန်းမရပေမယ့် လမ်းမပေါ်မှာဆိုတဲ့အသိကြောင့် စေ့မှာ မြိုသိပ်ထားရသည်။

"သွားကြရအောင်လေ"

"ဟုတ်"

ကားပေါ်ကို ရောက်တယ်ဆိုရင်ပဲ မောင်က ကားကိုမမောင်းသေးဘဲ နှောင်းငယ်ရဲ့နှုတ်ခမ်းတွေကို အရင်နမ်းရှိုက်လာသည်..... နှုတ်ခမ်းတွေကို အပေါ်တစ်လှည့် အောက်တစ်လှည့် အားရအောင် နမ်းပြီးမှ ပြန်လွှတ်ပေးချိန်မှာတော့ မောဟိုက်မှုကြောင့် နှောင်းမှာ အသက်ဝအောင် ရှုရသေးသည်။

"မောင်နော်..... ဘယ်လိုလုပ်ပြီး အတင်းနမ်းနေတာလဲ"

"Morning Kiss နဲ့ Birthday Kiss ကို ပေါင်းပြီး ပေးတာလေ"

"ဟွန့် ဖြစ်ရတယ်နော်..... အဲ့လိုပေးရတယ်လို့ တစ်ခါမှ မကြားဖူးပါဘူးနော်"

"ခုတော့ ကြားဖူးရုံတင်မက လက်တွေ့ပါသိသွားပြီ ဟုတ်"

မောင့်စကားကြောင့် နှောင်း မျက်စောင်းထိုးလိုက်တော့ မောင်က ရယ်လေသည်။

"ဒီမှာ မောင့်မွေးနေ့ရှင်လေးအတွက် မွေးနေ့လက်ဆောင်"

နှောင်းမျက်စိရှေ့ကိုရောက်လာတဲ့ အိတ်လေးကို တွေ့လိုက်တော့ နှောင်း အံ့သြမှုကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

💕 Feeling of Love 💕 (Unicode Ver)Donde viven las historias. Descúbrelo ahora