💕Aunty Lay💕

Start from the beginning
                                        

မောင်က နောက်ခုံမှာတင်ထားတဲ့ စပျစ်သီးဘူးကို ယူကာ နှောင်းကို လှမ်းပေးလာတာမို့ သဘောကျစွာ ယူလိုက်ပြီးနောက် ဘူးအဖုံးကိုဖွင့်ကာ စပျစ်သီးတစ်လုံးကို အရင်ယူစားလိုက်ပြီးမှ

"ဘာစားရင်ကောင်းမလဲဆိုတော့ အင်းးးးးးးးး ရန်ကင်းက တောင်းကလေး ခိုတောင်မုန့်တီစားချင်တယ်"

"အိုခေပါဗျာ"

‌မောင် နေရာကနေ ကားကို ရန်ကင်းဘက်ကို ဦးတည်မောင်းလာခဲ့ပြီး ကားပေါ်မှာ နှစ်ယောက်သား မတွေ့ရတာကြာတဲ့သူတွေလို စကားတွေတဝကြီး ပြောလာခဲ့ကြတာ မုန့်တီဆိုင်ရောက်တဲ့အထိပင်။

မုန့်တီဆိုင်ရောက်တော့ နှစ်‌‌ယောက်သား ခိုတောင်မုန့်တီနဲ့ အကြော်စုံတစ်ပွဲမှာလိုက်ပြီး စားစရာ‌တွေ မရောက်လာ‌သေးခင် မောင်က ရေ‌‌‌နွေးငှဲ့ပေးကာ နှောင်းဘက်ကို ရေနွေးခွက် တိုးပေးကာ

"ပူတယ်နော် မှုတ်ပြီးမှသောက်"

"ဟုတ်ကဲ့"

"ဟွန့်...... လိမ္မာတယ်"

နှောင်း မောင့်ကို ရယ်ပြလိုက်ပြီး ရေနွေးမှုတ်နေချိန်

"နှောင်းငယ် မွေးနေ့ရောက်တော့မယ်နော်..... နှောင်းငယ်ဘက်က ဘယ်လိုအစီအစဥ်တွေ ရှိလဲ"

"ထွေထွေထူးထူးတော့ မရှိပါဘူး.... မနက်ပိုင်းဘုရားသွားမယ် ညနေပိုင်း တီမြိုင်တို့နဲ့ညစာစားမယ် ဒါပါပဲ...... မွေးနေ့က ရုံးဖွင့်ရက်နဲ့တိုက်နေတော့ မိဘမဲ့ဂေဟာတစ်ခုခုကို ငွေပဲလွှဲလိုက်မလားလို့"

"အင်း အဲ့ဒါလည်း ကောင်းသားပဲ..... မောင်နဲ့ နှစ်ယောက်တည်းရော ညစာအတူတူမစားချင်ဘူးလား"

"စားချင်တာပေါ့ ဒါပေမယ့် တီမြိုင်တို့နဲ့က နှစ်တိုင်း အတူတူရှိနေကြဆိုတော့လေ..... နီးမှပဲ နှောင်းတစ်ချက်စဥ်းစားကြည့်လိုက်မယ်လေ နော်"

"ဟုတ်ပါပြီဗျာ"

"ပြီးတော့လေ မောင်.... နှောင်းပြောစရာရှိသေးတယ်"

ဒီမနက်စတွေ့ကတည်းက တောက်လျှောက် နှောင်းငယ်ဘက်ကချည်း စေ့ကို စကားတွေ ပြောလာတာဖြစ်ပြီး ခုလည်း ထပ်ပြောစရာရှိသေးတယ်ဟု ဆိုလာတာကြောင့် စေ သဘောကျစွာ ပြုံးလိုက်မိသည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now