စေ့ကို ပြောပြဖို့ကျတော့လည်း စေ့မာနကို ထိခိုက်သလိုဖြစ်သွားမှာစိုးလို့ မပြောရက်ခဲ့။ သို့ပေမယ့် စေညွှန်ရာဆိုတာကလည်း ခပ်တုံးတုံး လူအတစ်ယောက် မဟုတ်တာကြောင့် ဒီဒီ့မိဘတွေ သူ့အပေါ် မကြည်ဖြူဘူးဆိုတာကို ရိပ်မိတယ်ဆိုတာ ဒီဒီသိပါတယ်။

တဖြည်းဖြည်းနဲ့ စေက ပန်းချီ‌ဆွဲတဲ့ပေါ်မှာပဲ စိတ်နှစ်ထားကာ အောင်မြင်အောင် အလုပ်ကို ပိုပြီး အချိန်ပေးလာခဲ့သည်။ ဒီဒီကျတော့ ကျောင်းတက်ရမယ့်အရွယ်မှာ ‌ကျောင်းစာလုပ်ရင်း ပျော်ပျော်ပါးပါးနဲ့ လူငယ်ဘဝကို ကုန်ဆုံးချင်တယ်။ အဲ့လိုကနေ နှစ်ယောက်သားက ပိုဝေးကွာလာသလို ခံစားလာရသည်။ ဒါကြောင့် ခံစားချက်တွေ ပြန်နွေးထွေးလာအောင် နှစ်ယောက်အတူတူ တစ်အိမ်ထဲမှာ နေကြပြန်တော့လည်း တစ်အိမ်ထဲနေတုန်းခဏသာ နောက်တော့ ပြန်ပြီး အေးစက်သွားပြန်သည်။

အဲ့အချိန်မှာ ဒီဒီက မော်ဒယ်လောကထဲ အပျော်တမ်းအနေနဲ့ စပြီး ခြေလှမ်းစ‌နေပြီမို့ နှစ်ယောက်သားက ပိုပြီးဝေးကွာလာတယ်။ ဒီဒီက ရှုတင်ရှိတဲ့ရက်တွေဆို ညဘက်နောက်ကျရင် ‌စေက အရင်အိပ်သွားတာမျိုး၊ စေက ပန်းချီဆွဲတာအပြင် အချိန်ပိုင်းအလုပ်လည်း လုပ်တာကြောင့် သူအားလပ်ရက်ရတဲ့နေ့မျိုးဆို ဒီဒီ့ရိုက်ကူးရေးက တစ်ခြားပြည်နယ်ဘက်မှာမို့ ခရီးထွက်သွားရတာမျိုးတွေဖြစ်လာသည်။

ကျောင်းပြီးသွားချိန်မှာ ကောင်းပြည့်နဲ့ရတီက မြန်မာနိုင်ငံမှာပဲ စီးပွါးရေးပြန်လုပ်ဖို့ ပြန်သွားချိန် လန်ဒန်မှာ စေ၊ ဝဏ္ဏနဲ့ ဒီဒီတို့ ၃ယောက်သာ ကျန်ခဲ့တော့သည်။ ဘွဲ့ရပြီးချိန်မှာ ဒီဒီက အနုပညာလောကမှာ ပိုပြီးနာမည်ရလာပြီဖြစ်သည်။ စေကလည်း သူ့ဝါသနာဖြစ်တဲ့ပန်းချီလောကထဲမှာ အနည်းငယ်နာမည်ရနေပြီဖြစ်သည်။ နှစ်ယောက်စလုံးရဲ့ အောင်မြင်မှုအရှိန်မြင့်လာတာနဲ့အမျှ နှစ်ယောက်ကြားက ဆက်ဆံရေးတွေက ပိုမိုအေးစက်လာခဲ့တာကြောင့် တစ်ခါတစ်လေမှာ ဒီဒီ အထီးကျန်မိသည်။

ရတီရှိတုန်းကဆို ရတီနဲ့ချိန်းပြီး တူတူသောက်ဖြစ်ကာ ရင်ဖွင့်ခဲ့ပေမယ့် ရတီမရှိချိန်မှာတော့ ဒီဒီ့အတွက် ရင်ဖွင့်ဖော်ဟာ ဝဏ္ဏတစ်ယောက်တည်းသာ ရှိတော့သည်။ ဒီလိုနဲ့ ဒီဒီဝမ်းနည်းချိန်တိုင်း အတူတူရှိနေပေးတဲ့ ဝဏ္ဏနဲ့ တစ်ညမှာ တားမြစ်ထားတဲ့စည်းကို အရက်အရှိန်ကြောင့် နှစ်ယောက်သားဖောက်ဖျက်မိသွားသည်။ တစ်ခါမှားမိပေမယ့် နောက်တစ်ခါထပ်မမှားဖို့သာ ကတိတွေပေးရင်း ဘာမှမဖြစ်သလို နေခဲ့ကြပေမယ့် စေ့ရဲ့အထိအတွေ့တွေနဲ့ ဝေးကွာနေခဲ့တဲ့ ဒီဒီဟာ ဝဏ္ဏရဲ့အထိအတွေ့တွေမှာ သာယာမိသွားကာ သောက်လေသောက်လေ ငတ်မပြေတဲ့ ပင်လယ်ရေကို နှစ်ယောက်အတူတူသောက်မိကြရင်း အချစ်မပါတဲ့ ရမ္မက်ပင်လယ်ထဲ လက်ပစ်ကူးမိကြတော့သည်။

တစ်ရက်တော့ စေက ခရီးသွားတာကြောင့် စေနဲ့အတူတူနေတဲ့အိမ်မှာပဲ တဏ္ဏနဲ့ ချစ်ကြည်နူးနေစဉ် ရုတ်တရက်ပြန်ရောက်လာတဲ့ စေဟာ ထိုမြင်ကွင်းကို မြင်သွားပြီးနောက် ဒီဒီနဲ့စကားတွေများကာ နာကျည်းချက်တွေက ထိုအချိန်မှာ အားလုံးပေါက်ကွဲထွက်လာသည်။ နောက်ဆုံးတော့ စေက ဒီဒီနဲ့လည်း လမ်းခွဲကာ ဝဏ္ဏကိုလည်း သူငယ်ချင်းခန်းဖြတ်လိုက်သည်။

စေနဲ့လမ်းခွဲပြီးချိန်မှာ မိဘတွေဘက်ကလည်း ဝဏ္ဏကို တွဲဖို့ တွန်းအားပေးနေတာကြောင့် စိတ်ပြေလက်ပျောက်ဖြစ်အောင် ဝဏ္ဏနဲ့ friend with benefits အဖြစ် တွဲလိုက်သေးသည်။ ဒါပေမယ့်လည်း အချစ်ဦးဖြစ်တဲ့စေ့ကိုတော့ မမေ့နိုင်သေးတာကြောင့် ဒီဒီနဲ့ပြတ်ပြီးနောက်ပိုင်း စေ့မှာချစ်သူမရှိသေးတာကို ဒီဒီ့မှာ ကြိတ်ပျော်ခဲ့ရသေးသည်။ ခုတော့ ဒီဒီ့အပျော်တွေက လေထဲမှာလွင့်သွားခဲ့ရပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ‌ဟိုးအရင်တုန်းက စေက ဒီဒီ့ကို သိပ်ချစ်ခဲ့တာမို့ ဒီဒီ့အပေါ်မှာ အချစ်တွေမရှိနိုင်တော့ဘူးဆိုတာ ဒီဒီ လက်မခံပေ။ ဒီဒီ့အနေနဲ့ စေ့ရဲ့နှလုံးသားကို ဘယ်လိုပြန်သိမ်းပိုက်ရမလဲဆိုတာ တွေးရင်း ဝဲတက်လာတဲ့မျက်ရည်တွေကို မျက်တောင်တစ်ဖျတ်ဖျတ်ခတ်ကာ ပြန်သိမ်းလိုက်ရင်း စေနဲ့ထပ်တွေ့ရဖို့ ဘယ်လိုစီစဉ်ရမလဲဆိုတာကို စဉ်းစားနေမိတော့သည်။

💕💕💕💕💕
အပိုင်း ၃၅ မျှော်
#haru_rin

ပြီးခဲ့တဲ့အပတ်က မတင်မိလို့ ဒီတစ်ပတ်ကို ၄ပိုင်းလောက် တင်ပါမယ်နော်။ မနက်ဖြန်ညကျရင် (မမှီရင် သန်ဘက်ခါမနက်ပေါ့) အပိုင်းသစ်ထပ်လာပါမယ်ရှင့်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now