ဒီဒီ့ကို စိတ်ပူနေတာလို့ထင်မှတ်ပြီး ရင်ထဲကြည်နူးသွားစဉ် စေပြန်ပြောတဲ့အပြောကြောင့် ရင်ထဲမှာ မနာလိုစိတ်ကြောင့် လက်သီးကိုကျစ်နေအောင် ဆုပ်ထားမိလိုက်သည်။ ဒီဒီ့ကို ပြောပြီး ထွက်သွားတဲ့စေက နှစ်လှမ်း သုံးလှမ်း လှမ်းပြီးချိန်မှာ ခြေစုံရပ်ပြီး မျက်နှာကို ဘေးတစောင်းအနေအထားဖြင့်

"ငါနဲ့ မတော်တဆတွေ့ခဲ့ရင်တောင် မသိချင်ယောင်ဆောင်ဖို့ ငါသတိ‌ပေးခဲ့တယ်မဟုတ်လား နဒီလှိုင်း... နောက်တစ်ခါ ငါ့ကိုလာပြီး မပတ်သက်ပါနဲ့"

ကြည်လင်ပြတ်သားသော အသံဩရှရှဖြင့် ပြောကာ ရှေ့ဆက်လျှောက်သွားရင် သူ့ကားပေါ်တက်ကာ ကားပါကင်ကနေ ကားကိုမောင်းထွက်သွားလေသည်။

စေ့ကားထွက်သွားတဲ့အထိ ဒီဒီ့မှာ နေရာက မရွေ့နိုင်သေးဘဲ ခြေစုံရပ်ကာ မျက်ရည်တွေက ပါးပြင်ထက် ကျဆင်းလာခဲ့သည်။ စေ့ဘက်က ပြတ်သားသွားခဲ့ပေမယ့် ဒီဒီ့ဘက်ကတော့ စေ့ကို ချစ်မြဲချစ်ဆဲပင်။ စေ့ရဲ့အချစ်ဦးမှာ ဒီဒီဖြစ်ခဲ့တာမို့ စေ့ကို ဒီဒီပဲ အပိုင်လိုချင်တယ်။

Flashback End 💭💭

ဒီနေ့ စေနဲ့တွေ့ခဲ့တဲ့အဖြစ်အပျက်တွေကြောင့် ဒီဒီရှေ့ဆက်ပြီး ဘာဆက်လုပ်ရမလဲဆိုတာကို တွေးနေမိသည်။ စေညွှန်ရာဆိုတာ ဒီဒီနဲ့ချစ်သူမဖြစ်ခင်ကတည်းက အတူတူကြီးပြင်းလာတဲ့သူငယ်ချင်းလည်း ဖြစ်တာမို့ စေ့အပြောအဆို အမူအကျင့်တွေ အားလုံးကို ဒီဒီအလွတ်ရပြီးသားပင်။ ချစ်သူအထင်လွဲမှာစိုးလို့ တစ်ခြားမိန်းကလေးနဲ့တောင် စကားမပြောနိုင်လောက်တဲ့ထိ အဖြစ်မျိုးကို ဒီဒီနဲ့တွဲတုန်းက တစ်ခါမှ မဖြစ်ဘူးပေ။

စေနဲ့လမ်းခွဲပြီးမှ သေချာသိလိုက်ရတာက ဒီဒီ စေ့ကို လုံးဝအဆုံးရှုံးမခံနိုင်တာပင်။ သို့ပေမယ့် ကိုယ့်အမှားနဲ့ကိုယ်မို့ လမ်းခွဲထားပြီးပေမယ့် စေ့အခြေအနေကို အဝေးကနေသာ စောင့်ကြည့်နေခဲ့တာဖြစ်သည်။ လမ်းခွဲပြီးနောက်ပိုင်း စေ့ဘက်က ချစ်သူရည်းစားမထားဘဲ တစ်ယောက်တည်းပဲနေနေတာကြောင့် ဒီဒီ့ကို မမေ့နိုင်သေးဘူး ချစ်နေဆဲဟုထင်ကာ ဒီဒီ့ဆီကို အရင်ပြန်ဆက်သွယ်လာလေမလား‌ဆိုတဲ့ မျှော်လင့်ချက်တွေဟာ ပြီးခဲ့တဲ့ ၁လကျော်လောက်မှာ ပျက်စီးသွားလေသည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now