"..............."

ဒီဒီ့ဘက်က စကားတွေ အများကြီးပြောနေပေမယ့် တစ်ခွန်းမှ မတုံ့ပြန်လာတဲ့စေ့ကြောင့် ဒီဒီ့ရင်ထဲ ဝမ်းနည်းသွားမိသည်။ ဖြစ်သမျှအရာအားလုံးက ဒီဒီ့ဘက်က မှားခဲ့တာမို့ ဒီဒီ့အနေနဲ့ သည်းခံရုံသာ။

ထိုအချိန် B2 ကို ရောက်သွားပြီမို့ ဓာတ်လှေကားတံခါးက ပွင့်သွားသည်။ စေလည်း အပြင်ကိုထွက်သွားတာမို့ ဒီဒီလည်း အပြင်ထွက်ကာ စေ့နောက်ကနေ အပြေးလေးလိုက်ကာ စေ့လက်ကို လှမ်းဆွဲလိုက်တော့ စေက ဒီဒီ့ကို တစ်ချက်ကြည့်လာသည်။

စေ့အကြည့်က ဒီဒီ့ကို ရင်ခုန်သံမြန်စေတာမို့ ဒီဒီရှက်ပြုံးလေး ပြုံးကာ

"စေ"

"လက်ကိုလွှတ်"

"ဟင်"

ဒီဒီ့ကို စေ့ဘက်က ပထမဆုံးပြောလာတဲ့စကားက လက်ကိုလွှတ်ဆိုတာကြောင့် ဒီဒီ အနည်းငယ် ကြောင်သွားချိန်မှာ စေက ဒီဒီကိုင်ထားတဲ့လက်ကို ခါပြီး ဖြုတ်လိုက်တာကြောင့် ဒီဒီ အံ့ဩသွားမိသည်။ မျက်နှာပူသွားပေမယ့် အပြုံးတုကို ဖန်ဆင်းလိုက်ရင်း

"ဆော်ရီး စေက လမ်းလျှောက်တာမြန်တော့ လက်ကိုလှမ်းဆွဲလိုက်မိတာ"

ဒီဒီ့ကို စကားပြန်မပြောဘဲ စေက လှည့်ထွက်သွားတာကြောင့်

"စေ... ဒီဒီတို့ စကားပြောကြရအောင်"

"ငါ့ဘက်က ပြောစရာမရှိဘူး"

"စေ"

စေ နောက်ကို လှည့်မကြည့်စတမ်း လျှောက်လာရင်း ဒေါက်ဖိနပ်သံတစ်ခွပ်ခွပ်က အနောက်ဘက်က ပါလာတာမို့ စေ ကျွတ်သက်ကာ နောက်လှည့်ကြည့်လိုက်ပြီး

"ငါ့နောက်ကနေ ဆက်လိုက်မလာနဲ့တော့... ငါ့မှာ မင်းနဲ့ ဘာအကြောင်းအရာမှ ပြောစရာမရှိဘူး"

"စေ့မှာ မရှိပေမယ့် ဒီဒီ့မှာ ရှိတယ်လေ"

"ငါ နားထောင်မပေးနိုင်ဘူး... မင်းဆက်မလိုက်လာတာ ကောင်းမယ်... သတင်းထောက်တွေ တွေ့သွားရင် မလိုလားအပ်တဲ့ကိစ္စတွေ ဖြစ်လာမှာစိုးလို့"

"ဒီဒီ့ကို စိတ်ပူနေတာလား စေ"

"အိမ်မက် မက်မနေနဲ့ နဒီလှိုင်း... မင်းနဲ့ ပေါက်ကရသတင်းတွေထွက်လာရင် ငါ့ချစ်သူ အထင်လွဲသွားမှာကို စိတ်ပူတာ"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now