"မတွေ့ရတာကြာပြီနော် စေ... နေကောင်းတယ်မဟုတ်လား"
မတွေ့ချင်တဲ့သူဆီက နှုတ်ဆက်စကားကို စေ မကြားဟန်ဆောင်ကာ
"ဒါဆို ငါပြန်တော့မယ်... အချက်အလက်တွေကိုတော့ မင်းပဲကြည့်စီစဉ်လိုက်တော့... ဒီနေ့ မီတင်ဆုံးဖြတ်ချက်အတိုင်းဆို ငါ့ဘက်က အိုခေတယ်"
"အေးပါ"
ကောင်းပြည့်ကို ခေါင်းတစ်ချက်ငြိမ့်ပြကာ နှုတ်ဆက်လိုက်ပြီးနောက် စေပြန်ဖို့ပြင်လိုက်သည်။ အိမ်မှာ မ,တစ်ယောက်တည်း မဟုတ်ပါလား (နောက်ကြောင်းပြန်နေတာမို့ နှောင်းငယ်လို့ မခေါ်သေးတာပါနော် 😁)
"စေ"
ဒီဒီ ခေါ်တာကို တစ်ချက်တောင် လှည့်မကြည့်ဘဲ ဒီဒီ့ကို ကိုယ်ပျောက်လူသားလို သတ်မှတ်ပြီး အခန်းထဲကထွက်သွားတဲ့ စေ့ကို ဒီဒီ မျက်စိတစ်ဆုံးလိုက်ကြည့်ပြီးမှ ထိုင်ရာမှ ဆတ်ခနဲထကာ
"ငါ စေ့နောက်လိုက်သွားလိုက်ဦးမယ်"
"ဒီဒီ"
ပြောပြီးတာနဲ့ အခန်းတံခါးဖွင့်ကာ စေ့နောက်ပြေးလိုက်သွားတဲ့ ဒီဒီ့ကို ကောင်းပြည့်မှာ တားချိန်တောင်မရလိုက်ပေ။ ဒီပုံစံအတိုင်းဆို ပွဲကတော့ ကြည့်လှပြီဖြစ်သည်။
💕💕💕💕💕
တီ!!!
ပိတ်လုဆဲဆဲဖြစ်တဲ့ ဓာတ်လှေကားတံခါးကြားကို ခြေထောက်ထိုးခံလိုက်တာမို့ ဓာတ်လှေကားတံခါးက ပြန်ပွင့်သွားတော့ ဒီဒီ မြင်ချင်တဲ့မျက်နှာကို မြင်တွေ့လိုက်ရသည်။ ဒီဒီ့ကို ကြည့်လာတဲ့ ခပ်စိမ်းစိမ်းအကြည့်တွေကို မမြင်ဟန်ဆောင်ကာ ခပ်တည်တည်ဖြင့် ဓာတ်လှေကားထဲကို ဝင်သွားလိုက်သည်။
B2 အထပ်ကို နှိပ်ထားတာကြောင့် ဒီဒီကတော့ ဘယ်ခလုတ်မှ ထပ်မနှိပ်တော့ဘဲ ဓာတ်လှေကားမှာ ထင်ဟပ်နေတဲ့ စေ့ရဲ့မျက်နှာကိုသာ ငေးကြည့်နေလိုက်သည်။ ချောပါသည်။ စေဟာ အရင်ကလို ချောမောခန့်ညားဆဲပါ။
"စေ"
"..............."
"ဒီဒီ့ကိုတွေ့တာတောင် စေ မနှုတ်ဆက်တော့ဘူးလား"
"..............."
"ဒီဒီ ဒီနေ့မှ ဘန်ကောက်က ပြန်ရောက်တာ... စေ ဒီမှာရှိလောက်တယ်ထင်လို့ အိမ်ကိုတောင် တန်းမပြန်ဘဲ ဒီကိုအရင်လာခဲ့လိုက်တာ... ခုလို စေ့ကိုတွေ့လိုက်ရတော့ ဒီဒီလာတာ မှန်သွားတာပဲနော်"
