ဓာတ်လှေကားထဲရောက်တော့ မန်နေဂျာဖြစ်သူ အစ်မနန်းက
"CEO ဆီကိုပဲ တန်းသွားမှာလား ဒီဒီ"
"ဟုတ်တယ် အစ်မနန်း... ကောင်းကောင်းနဲ့တွေ့ပြီး စကားပြောစရာလေးတွေလည်း ရှိသေးလို့"
"အိုခေ"
ဒီဒီ့စကားကို အစ်မနန်းက ခေါင်းညိမ့်ပြပြီးကောင်းကောင်းရဲ့ရုံးခန်းရှိရာ အထပ်ကို နှိပ်လိုက်သည်။ ကောင်းကောင်းရဲ့ရုံးခန်းရှေ့ကိုရောက်တော့ အတွင်းရေးမှူးကောင်လေးက
"မင်္ဂလာပါဗျ"
"အင်း... ကောင်းကောင်း ဆော်ရီး CEO ရှိလား"
"ရှိပါတယ်ဗျ... ခဏလောက် ဧည့်ခန်းထဲစောင့်ပေးလို့ရမလားဗျ... အထဲမှာ ဧည့်သည်နဲ့စကားပြောနေလို့ပါ"
"ဟုတ်လား... ဘယ်သူရောက်နေတာလဲ"
"ကိုစေညွှန်ရာပါဗျ"
"ဟင်"
စေညွှန်ရာဆိုတဲ့နာမည်ကြားရုံနဲ့တင် ဒီဒီ့ရင်တွေခုန်လာတဲ့အထိကို စေက ဒီဒီ့ကို လွှမ်းမိုးလွန်းလှသည်။
"စေရောက်နေတာဆိုတော့ ရတယ်... ဒီဒီ ဝင်သွားလိုက်မယ်"
"ဟို အဲ့လိုမရ......"
အတွင်းရေးမှူးကောင်လေး စကားမဆုံးသေးခင်မှာပဲ ဒီဒီ့လက်က တံခါးကိုဖွင့်လိုက်ပြီးပြီဖြစ်သည်။
စေနဲ့စကားပြောနေတုန်း တံခါးခေါက်ခြင်းမရှိဘဲ တံခါးဖွင့်ဝင်လာသူကြောင့် ဘယ်သူလဲဆိုပြီး ကြည့်လိုက်တော့ ဒီဒီဖြစ်နေတာကြောင့် ကောင်းပြည့်မှာ အံ့ဩသွားရသည်။ စေလည်း ဘယ်သူလဲဆိုပြီး လှည့်ကြည့်လိုက်တော့ မမြင်ချင်တဲ့သူမို့ အကြည့်တို့ကို ပြန်လွှဲလိုက်သည်။
"ဒီဒီ... တံခါးလေးတော့ ခေါက်ဦးမှပေါ့... ဘယ်လိုပဲ ငါတို့က သူငယ်ချင်းဖြစ်ပါဦးတော့ ကုမ္ပဏီမှာ ငါ့ကို အရိုသေတန်ကုန်မှာပေါ့ဟ"
"အမယ်လေး ဖြစ်နေလိုက်တာဟယ်... ဟုတ်ပါပြီ နောက်တစ်ခါ တံခါးခေါက်ပါ့မယ်ဟုတ်ပြီလား"
ပြောပြောဆိုဆိုဖြင့် စေနဲ့မျက်နှာချင်းဆိုင်က ဆိုဖာထိုင်ခုံမှာ ဒီဒီဝင်ထိုင်လိုက်ပြီး စေ့ကိုပြန်ကြည့်ကာ
