စေ့အဖြစ်ကလည်း မသက်သာလှပါ။ နှောင်းငယ်ကို လိုက်ပို့ပေးပြီး အိမ်ပြန်ရောက်တော့ ခြေလက်ဆေးပြီး ဘာမှမလုပ်နိုင်သေးဘဲ ကုတင်ပေါ်ပစ်လှဲလိုက်မိသည်။ နေ့လည်က အဖြစ်တို့ကိုတွေးမိတော့ ခန္ဓာကိုယ်ထဲက သွေးတွေက ဆူပွက်လာသလိုခံစားလိုက်ရသည်။ ပက်လက်အိပ်နေရာမှ အသည်းယားလာတာကြောင့် ဘေးတစ်စောင်းလှဲလိုက်တော့ နှောင်းငယ်အိပ်သွားတဲ့ခေါင်းအုံးဘက်ကို နှာခေါင်းက ရောက်သွားတာမို့ စေ့စိတ်တွေက ပိုပြီး ပြင်းပြလာသည်။ နှောင်းငယ်အိပ်သွားတဲ့ကုတင်၊ ခေါင်းအုံးဆိုတဲ့အတွေးနဲ့တင် အသက်ရှုသံတွေမြန်လာကာ ကုတင်ပေါ်မှာတင် ကိုယ့်လက်ကိုယ်အသုံးပြုပြီး ဖြေလျော့လိုက်ရသည်။ ဒီနေ့အဖြစ်ပျက်တွေကို တွေးမိတော့ စေ့အနေနဲ့ ကြည်နူးမှုက အတိုင်းအဆမဲ့။ နှောင်းငယ်ဘက်က ကြည်ဖြူလိုက်လျောမှုတွေကြောင့် စေပိုပြီး မြတ်နိုးလာရတာ စေကိုယ်တိုင်ပဲသိသည်။

💕💕💕💕💕

အခန်းထဲရှိ ကုတင်ပေါ် ပိုက်ဆံအိတ်ကို ဖြစ်သလိုပစ်တင်ရင်း တောက်တစ်ချက် ပြင်းပြင်းခေါက်လိုက်မိသည်။ ရန်ကုန်ကို ပြန်ရောက်ရောက်ခြင်းပဲ ဒေါသထွက်စရာကိစ္စနဲ့ အရင်ဆုံးကြုံလိုက်ရတာမို့ ဒီဒီ့အတွက်တော့ ဒီနေ့ဟာ ပြဿဒါးပင်။

Flashback 💭💭

ရန်ကုန်ပြန်ရောက်တာနဲ့ ဒီဒီ့အေဂျင်စီဖြစ်တဲ့ Life Entertainment ကို အရင်ဦးတည်လိုက်မိသည်။ ဒီဒီထင်တာမမှားဘူးဆို ကုမ္ပဏီမှာ စေလည်း ရှိနေနိုင်တယ်မဟုတ်ပါလား။ စေ့အတွက် ပန်းချီပြခန်းရော ကိုယ်ပိုင်ပန်းချီဆွဲခန်းကိုပါ ကုမ္ပဏီမှာ ‌စီစဉ်ထားတာကြောင့် စေအမြဲတမ်းလိုလို ကုမ္ပဏီကို လာဖြစ်တယ်ဆိုတာ ဒီဒီသတင်းကြားထားပြီးသားပါ။ အေဂျင်စီက စီစဉ်ပေးထားတဲ့ကားက ဒီဒီ့ကိုလာကြိုတာမို့ ဒီဒီနဲ့မန်နေဂျာအစ်မက ကားပေါ်မှာ အဆင်သင့်ထိုင်လိုက်လာရင်း စေ့ကိုတွေ့ခွင့်ရဖို့ မျှော်လင့်ချက်ကြောင့် ရင်ခုန်နေမိတာတော့ အမှန်ပင်။

ဒီဒီပြန်လာမယ်ဆိုတာကို ရက်အတိအကျ မပြောထားတာကြောင့် ကုမ္ပဏီကိုရောက်တယ်ဆိုရင်ပဲ ဧည့်ကြိုကောင်တာက မိန်းကလေးက ဒီဒီ့ကိုမြင်တော့ အံ့ဩသွားပုံရပြီးမှ ခေါင်းညွတ်ကာ နှုတ်ဆက်လာတာကြောင့် ဒီဒီလည်း ပြန်နှုတ်ဆက်လိုက်ပြီး ဓာတ်လှေကားရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now