🚨Little Touch🚨

Comincia dall'inizio
                                        

"ဒီလိုရှိတယ်လေ မောင်ရဲ့... စောနက အခြေအနေမျိုးမှာ........."

စကားကို ဆုံးအောင်မပြောနိုင်သေးဘဲ မောင့်ကို မျက်လုံးလေးလှန်ကြည့်ပြီးနောက် အကြည့်ချင်းဆုံသွားတာနဲ့ ချက်ချင်းမျက်နှာလွှဲလိုက်ပြီး

"နှောင်းဘက်က လန့်သွားတာရယ်"

"မောင်သိပါတယ်"

"ချစ်သူနှစ်ယောက်ကြားမှာ စောနကလို ဖြစ်ရပ်မျိုးက ဖြစ်လေ့ဖြစ်ထရှိနိုင်တယ်ဆိုတာ နှောင်း သိပြီးသားပါ... လန့်သွားတယ်ဆိုတာကလည်း မောင့်ဘက်က နှောင်းအပေါ် ဒီနေ့ထိ တစ်ခါမှ အဲ့လိုမျိုးမလုပ်ဖူးတော့ ရုတ်တရက်ဆိုတော့လေ...... နှောင်းပြောချင်တာကို သိတယ်မလားဟင်"

"မောင်သိပါတယ်... ဒါကြောင့်မို့ နောက်ဆို မောင့်ဘက်က နှောင်းငယ်မကြိုက်တာကို မလုပ်တော့ဘူးနော်... မောင်ကတိပေးတယ်"

"မကြိုက်တာ မဟုတ်ဘူးလို့... ရုတ်တရက်မို့ လန့်သွားတာပါဆို"

"ဟင်"

ပြောပြီးကာမှ ရှက်သွားတာကြောင့် နှောင်း ခေါင်းငုံ့ထားလိုက်မိပြီး အရှက်ပြေ လက်သည်းအချင်းချင်းကို ဖဲ့နေမိသည်။

စေ့ရှေ့မှာ တပလင်ခွေထိုင်နေပြီး ခေါင်းငုံ့ကာ လက်သည်းဖဲ့နေတဲ့ နှောင်းငယ်ရဲ့လက်တွေကို စေ့ လက်ဖဝါးဖြင့် အုပ်ကိုင်လိုက်ကာ

"လက်တွေ နာကုန်တော့မှာပဲ နှောင်းငယ်"

"မောင်က စောနကအဖြစ်ကို မောင့်ဘက်က အမှားလို့တွေးနေတာမလား... အဲ့လိုတွေးနေတာမျိုး နှောင်း မလိုချင်ဘူး"

"အဟွန့် ဟုတ်ပါပြီဗျာ... ငိုတော့ မငိုလိုက်ပါနဲ့... ကြည့်ဦး မျက်ရည်ကဝဲလာပြန်ပြီ... ဒါ မျက်ရည်ကျရမယ့် ကိစ္စမှ မဟုတ်တာပဲ နှောင်းငယ်ရယ်"

"မောင်က ကိုယ့်ကိုကိုယ် အပြစ်တင်သလိုကြီး ပြောနေတာကိုးလို့"

စူအောင့်အောင့်နဲ့ပြောလာတဲ့အသံလေးကြောင့် စေပြုံးလိုက်ရင်း

"ဟွန့်... မောင့်နှောင်းငယ်လေးကို အရောင်ဆိုးမိသွားသလို ဖြစ်သွားမှာကို စိုးရိမ်တာပါ... မောင့်ကို ပြောချင်တာက ဒီကိစ္စလား"

💕 Feeling of Love 💕 (Unicode Ver)Dove le storie prendono vita. Scoprilo ora