အပိုင်း ၃၄

754 25 8
                                    

Unicode

"သူတောင်းစား သေချင်နေတာလား!!"

"ခွေးကောင်!! ငါက မင်းသူငယ်ချင်းကို ပွေ့ချင်လွန်းလို့ မဟုတ်ဘူး ၊ မင်းတို့အရစ်ရှည်နေတာနဲ့ မပြီးတော့လို့ ၊ ငါ့တာဝန်လည်း ရှိနေတော့ လုပ်နေရတာ လုပ်ချင်လွန်းလို့ ထင်မနေနဲ့!!!"

"ဘာမှ စောက်ပိုတွေ ပြောမနေနဲ့ ၊ အခု လွှတ်လိုက်!!"

လင်းထက်က နိုင်မင်းကို ပွေ့ချီထားတဲ့ ဟိန်းသန့်ရဲ့ လက်တွေကို ဖယ်ချဖို့လုပ်သည်။ ဟိန်းသန့်က အဖယ်မခံဘဲ ပိုတင်းတင်း ပွေ့ပိုက်ထားသည်ပင်။

"ဒါ သူ နဲ့ ငါ နဲ့ ကိစ္စ ၊ မင်းနဲ့ မဆိုင်ရင် ဝင်မပါနဲ့!!"

ဟိန်းသန့်ကလည်း ပွေ့ထား ၊ လင်းထက်ကလည်း ဖယ်ချဖို့လုပ်ပြီး နိုင်မင်းကို ကြားမှာထား၍ အကြည့်ချင်း စစ်ခင်းကာ ဒေါသရိပ်လွှမ်းနေကြတဲ့ နှစ်ယောက်။

လူတွေကလည်း ဒီတိုင်း ကြောင်ကြည့်နေကြပြီး ဘော်ဒီဂတ်ကလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေသည်။

ဒီလိုနဲ့ ကြားထဲမှာ နိုင်မင်းက ခံနေရပြီး လင်းထက်ကလည်း နိုင်မင်းကို အခုထိ မလွှတ်ပေးသေးတဲ့ ဟိန်းသန့်ကို တော်တော် ဒေါသထွက်နေပြီး တစ်ခုခု လုပ်ပစ်တော့မယ့်ပုံပင်။

"မင်း ငါ့သူငယ်ချင်း လွှတ်မှာလား မလွှတ်ဘူးလား!!"

"သူ့ကို ကိုင်ထားတဲ့ မင်း လက်ကို ရုတ်လိုက်!!"

"တော်ကြတော့!!!!!."

ငြင်းခုန်နေကြတဲ့ နှစ်‌ယောက်ကြား စိတ်ညစ်စွာ အော်လိုက်သည်။ ထိုအခါ bar တစ်ခုလုံး တိတ်ဆိတိသွားတော့သည်။ ခြေထောက်က နာနေပါတယ်ဆို ဒီနှစ်ကောင်ကြောင့် ပိုနာလာရပြီး အခုထိ ပြောလို့မပြီးကြသေးလို့ စိတ်တိုကာ အော်လိုက်မိတာ။

တိတ်ဆိတ်သွားပြီး အားလုံးရဲ့ အကြည့်တွေက ကိုယ့်ဆီ ရောက်လာတော့ အော်မိတဲ့ ကိုယ့်နဖူးသာ ကိုယ်ပြန်ရိုက်ချင်သွားသည်။

ဒီအခြေအနေကြီးက ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ ၊ ‌ယောက်ျားလေးတစ်ယောက်ရဲ့ ပွေ့ချီခြင်းကို ခံထားရတာ။ အခု ဒီအထဲမှာ ex တချို့လည်း ရှိသေးသည်။

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWo Geschichten leben. Entdecke jetzt