အပိုင်း ၁၇

355 11 4
                                    

Unicode

ကော်ဖီဆိုင် တစ်ဆိုင်ရဲ့ ထောင့်ကျကျဝိုင်းမှာထိုင်နေတဲ့ ကောင်လေးတစ်ယောက်။ အဲ့ဒီကောင်လေးကတော့ ခန့်စင်သော်နိုင်ပါ။

Dusty blue ရောင် ရှပ် လက်တိုကို စတိုင်ပန့် cream အရောင်နဲ့သာ ရိုးရိုးရှင်းရှင်း တွဲဖက်ဝတ်ဆင်ထားသည်။ အသားဖြူဖြူနုနု နဲ့ ထိုရှပ်အရောင်က သိပ်ကိုလိုက်ဖက်လွန်းနေသည်။ လက်တွင် အနက်ရောင် နာရီ တစ်လုံးကိုလည်း ဝတ်ဆင်ထားပြီး လက်သွယ်ကြွယ်တွင် လက်ထပ်လက်စွပ်လေးက လှပစွာနေရာယူနေသည်။ ထိုသို့ ခန့်စင်သော်နိုင် ဆိုသောသူ၏ ပုံစံက ရိုးရိုးရှင်းရှင်းသာ။

(Pinterest ကနေရှာထားတာ ဒီလိုအရောင်လေးပါ Nyint Thaw လည်း ခေါ်မတတ်လို့ရှင့် ပုံပဲပြလိုက်တယ်နော်😁)

Suit အပြည့်မဟုတ်ဘဲ ရှပ်လက်တိုကို ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားပြီး ဆံပင်တွေက ရုံးသွားသလို သေချာ ဖီးလိမ်းသပ်တင်မထား‌သော‌ကြောင့်‌ အစွန်းနှစ်ဖက်က ဆံသားတွေက ကုပ်ကျနေသည်။ ရုံးသွားသောပုံစံပင် အသက် ၂၇ နှစ်မထင်ရအောင် နုနေသူက။ ထိုသို့သော အင်္ကျီ၊ ဆံပင် ပုံစံ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Suit အပြည့်မဟုတ်ဘဲ ရှပ်လက်တိုကို ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားပြီး ဆံပင်တွေက ရုံးသွားသလို သေချာ ဖီးလိမ်းသပ်တင်မထား‌သော‌ကြောင့်‌ အစွန်းနှစ်ဖက်က ဆံသားတွေက ကုပ်ကျနေသည်။ ရုံးသွားသောပုံစံပင် အသက် ၂၇ နှစ်မထင်ရအောင် နုနေသူက။ ထိုသို့သော အင်္ကျီ၊ ဆံပင် ပုံစံကြောင့် နဂိုမျက်နှာနုနုက ပိုနုပြီး ပိုငယ်နေသလိုပင်။ မသိရင် အသက် ၂၇ နှစ်အရွယ် business man တစ်ယောက်နှင့် လားလားမျှမျှမတူပေ။

ကော်ဖီဆိုင်က လူတွေသွားလာ လှုပ်ရှားနေတဲ့နေရာမှာမဟုတ်ဘဲ ဆိတ်ငြိမ်သည့်နေရာတွေ ဆောက်‌ထားသည်ကြောင့် အေးအေးချမ်းချမ်းအနားယူလို့ရပေသည်။ ဘေးဘက်တွင်လည်း အေးချမ်းတဲ့ ရှုခင်းလှလှလေးတို့ရှိသည်။
ခန့်စင်က ကော်ဖီကို တစ်ငုံသောက်လိုက်ပြီး ဘေးဘက်က ပန်းတွေစိုက်ပျိုးထားတဲ့ ခြံကျယ်ကျယ်လှလှလေးကို ကြည့်‌ကာ ငေးနေသည်။

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWhere stories live. Discover now