အပိုင်း ၁၀

477 12 2
                                    

Unicode

"မောင်ရင် ဟိုရက်က အန်ကယ်ပြောထားတဲ့ကိစ္စလေ အဲ့ဒါဒီနေ့ ရမလား"

အခုက အန်ကယ်မင်းလွင် နဲ့ ဖုန်းပြောနေတာဖြစ်သည်။

"ဟုတ်ကဲ့ ရပါတယ် အန်ကယ်"

"အေး အေး ဒါဆို ခဏနေ လာခဲ့မယ် အဆင်ပြေမလား သား"

"ဟုတ်ကဲ့ အဆင်ပြေပါတယ်ခင်ဗျ"

ဖုန်းကို စားပွဲပေါ်အသာတင်လိုက်သည်။

ဟိုရက်တုန်းက အန်ကယ်မင်းလွင် က သူ့သား ဟိန်းသန့်ကို အပ်ထားချင်လို့တဲ့။ အန်ကယ်က ကျွန်တော့်ထက် ပိုပြီးသိနားလည်မှာပါ လို့ပြောတော့ အခုခေတ်ရေစီးကြောင်းနဲ့အညီကိုတော့ မောင်ရင့်လိုလူငယ်ထက်ဘယ်သိနိုင်မလဲ၊ မောင်ရင်က အရမ်းတော်တဲ့လူငယ်စီးပွားရေးလုပ်ငန်းရှင်ဆိုတော့ အန်ကယ့်သားကို အပ်ထားချင်လို့ပါ လို့ပြောလာသည်။ အန်ကယ်ကိုယ်တိုင်က သူ့သားကိုသင်ပြပေးဖို့ ထပ်ခါတလဲလဲ ပြောနေသည်မလို့ ငြင်းလို့လည်းမကောင်းပေ။ ထို့‌ကြောင့် လက်ခံလိုက်သည်ပင်။

ခဏမျှအကြာ အန်ကယ်မင်းလွင် နဲ့ သားဖြစ်သူ ဟိန်းသန့်ရောက်လာကြသည်။

"သားကို မောင်ရင့်ဆီမှာ အပ်ထားချင်ပါတယ် ဆိုးတာ‌တွေရှိရင်လည်း ကြည့်ပေးပါဦး"

"ဟုတ်ကဲ့ပါခင်ဗျ"

ဟိန်းသန့်အလုပ်နဲ့ပတ်သက်တဲ့အကြောင်းပြော၊ တစ်ခြားအကြောင်းတွေလည်း ပြောဖြစ်ကြသည်။

"ဒါဆို အခု ကျေးဇူးတင်တဲ့အနေနဲ့ အန်ကယ် ညစာဖိတ်ကျွေးချင်တယ် "

"ရပါတယ် အန်ကယ် မလိုပါဘူး"

"အန်ကယ်က မင်းကို ဖိတ်ကျွေးချင်လို့ပါ လာပါ"

မကောင်းတတ်၍ လက်ခံလိုက်သည်။ ဟိုကောင်လေးကို ဖုန်းဆက်စရာရှိသဖြင့် အန်ကယ်တို့ကို အရင်သွားနှင့်ဖို့ပြောလိုက်သည်။

အန်ကယ်တို့ကို အခန်းအပြင်အထိ လိုက်ပို့လိုက်ပြီးနောက် ဖုန်းခေါ်လိုက်သည်။

"အင်း ပြော ခင်ဗျား"

"လင်းထက် ကိုယ်ဒီနေ့ ညစာသွားစားစရာရှိလို့ အဲ့ဒါ မင်း ညစာစားနှင့်လိုက်ဖို့ပြောတာ"

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWhere stories live. Discover now