Unicode
(အင်္ဂါနေ့)
ဦးမင်းလွင် မနက်စာ စားနေရင်း သားဖြစ်သူ ဟိန်းသန့်ကို ကြည့်၍
"သား အဖေ တို့သဘောတူထားတာ မှတ်မိတယ်မလား"
ထိုအခါ ဟိန်းသန့်က ရုတ်တရက် ထပြောလာတဲ့ အဖေဖြစ်သူကို ပြန်ကြည့်၍
"မှတ်မိပါတယ် သိပ်မကြာခင် ကျွန်တော် စလုပ်တော့မှာပါ အဖေ"
အဖေဖြစ်သူ ပြောချင်သည့်အရာကို သူကောင်းကောင်း သိသည်။ နောက်လ ရောက်ရင် companyကို လက်လွှဲယူဖို့ပင်။ ဒီကိစ္စ က အစ်ကို့ဆီ အလုပ်မဝင်ခင်ကတည်း အဖေက ပြောထားတာ။ ပြောရမယ်ဆို အစ်ကို့ဆီ ၃ လ အလုပ်ဝင်ပြီးရင် company ကို လက်လွှဲယူဖို့ အဖေက သဘောတူညီမှု လုပ်ထားတာဖြစ်သည်။ အခုတော့ အစ်ကို့ဆီမှာ အလုပ်လုပ်တာပင် ၃ လပြည့်တော့မည် အဲ့ဒါကြောင့် သဘောတူညီမှုအတိုင်း ကျွန်တော် company ကို လက်လွှဲယူရတော့မှာပင်။
၃ လရှိပြီဖြစ်သော်လည်း အခု အချိန်အထိ တိုးတက်မှု မရှိသေးတဲ့ အစ်ကို နဲ့ ကျွန်တော့်ရဲ့အခြေအနေပါ။ ဒါပေမယ့် အရင်ကထက်တော့ ပိုရင်းနှီးလာပြီဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် လင်းထက်ကို သေချာပေါက် အနိုင်ရမှာ။
"ဘာလို့များ အဲ့ကောင်လေးမှလဲ သား"
ဦးမင်းလွင်က ကော်ဖီကို တစ်ငုံသောက်ရင်း လေးနက်တည်ကြည်တဲ့ မျက်နှာထားနဲ့ဆိုသည်။
"အကြောင်းပြချက်မရှိဘူး ကျွန်တော့်စိတ်က အစ်ကိုဆို အစ်ကိုမလို့ပဲ"
ဟိန်းသန့်က အဖေဖြစ်သူကို တိကျပြတ်သားတဲ့ အကြည့်များနဲ့ ကြည့်ကာ ပြုံးလျက် ဆိုသည်။
"ဟုတ်ရဲ့လား ကိုယ့်ကိုယ်ကိုယ် နောက်တစ်ခါ ပြန်စမ်းစစ်ကြည့်ပါလား လင်းထက်နေသော် ဆိုတဲ့ကောင်လေး ကြောင့်မလား သား သူ့ကို အနိုင်လို....."
"မလိုဘူး နည်းနည်းမှ ပြန်စမ်းစစ်စရာမလိုဘူးခင်ဗျ
ပြီးတော့ သူ့ကြောင့်လည်း မဟုတ်ဘူး သူ့ကို ကျွန်တော်က အမြဲ နိုင်ပြီးသားပဲ ပြိုင်နေစရာကိုမလိုတာ"စကားမပြီးခင် ဖြတ်ကာ ပြောလာသည့် သားဖြစ်သူကို ဦးမင်းလွင်က ပြုံးလျက် ခေါင်းတညိမ့်ညိမ့်သာ လုပ်ပြလိုက်သည်။ သူ့သားအကြောင်း သူမသိဘဲ နေမလား အနေဝေးခဲ့ပေမယ့် သားဖြစ်သူအကြောင်းကို အမြဲနားစွင့်နေသူပါ။ အင်း...ဒါပေမယ့် သားက ဝန်မခံချင်တဲ့ပုံပဲ။
JE LEEST
အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + Zawgyi
Romantiek"ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျား ကျွန်တော့်ကို လက်ထပ်ဖို့ လက်ခံခဲ့ပြီးပြီ ၊ ကျွန်တော့်ဘဝထဲကို ဝင်လာပြီးမှ ပြန်ထွက်ချင်တိုင်း ထွက်လို့မရဘူး" လင်းထက်နေသော် "အဘိုးကြောင့် ဖြစ်တည်လာတဲ့ ဆက်ဆံရေးဆိုပေမယ့် ကိုယ် တကယ် အဆုံးထိ တည်တံ့ချင်တယ်" ခန့်စင်သော်နိုင် လင်းထ...