အပိုင်း ၂၅

386 19 8
                                    

Unicode

ဟိုလူကို ပြောပြီးတာနဲ့ အိမ်အောက်ကို ဆင်းလာလိုက်ပြီး ကား ဆီ တန်းသွားလိုက်သည်။ ရုံးသွားမှာမလို့ ဒီနေ့တော့ BMW ကို ယူသွားဖို့ စဉ်းစားလိုက်၏။

ကားထဲ ဝင်ထိုင်ပြီးတာနဲ့ လင်းထက်က ဖုန်းနံပါတ် တစ်ခုကို ခေါ်လိုက်သည်။

"ဘယ်သူလဲ အခုမှ မိုးလင်းတာ ဘယ်သူ လာဆက်နေတာလဲ"

အိပ်နေရင်း ဖုန်းသံကြောင့် နိုးသွားတဲ့ ဟန်ဇော်က အိပ်ယာကနေ မျက်လုံးတော့မဖွင့်ဘဲ ဒေါသထွက်စွာ ပြောနေသည်။

"ငါ လင်းထက်နေသော်"

"ဘယ်က လင်းထက်နေသော်လား ဟမ်?"

"ဒီကောင်....."

လင်းထက် အသံခပ်ကြိတ်ကြိတ်ဖြင့် ပြောတော့မှ

"နေဦး ဒီအသံ၊ လင်းထက်နေသော်....."

ဟန်ဇော်က ထိုအခါမှ အိပ်ချင်နေတဲ့ မျက်လုံးတွေ ပြူးကျယ်သွား၍ ထပင် ထိုင်လိုက်ပြီး

"Boss"

"အေး သိပြီလား"

"Boss တောင်းပန်ပါတယ် အခုလို မနက်အစောကြီး ဆက်တာမရှိတော့ ကြောင်သွားတာပါ ကျွန်တော်က အခု အိပ်ရာ......"

"တော်တော့! ပါးစပ်ပိတ်လိုက်!"

လင်းထက်က အသံခပ်မာမာဖြင့် ဖြတ်၍ တားလိုက်တော့ ဟန်ဇော်က ပြောလက်စ စကားတွေကို ချက်ချင်း ရပ်ပစ်လိုက်သည်။

"ငါ့ကို အခုချက်ချင်း Moonlight condo ကနေ တစ်ခန်း ဝယ်ပေး၊ ငါ နောက် ၄၀ မိနစ်နေရင် ရောက်မယ်၊ ပြီးရင် suit ၁၀ စုံလောက် အရင်ဝယ်ပြီး အဲ့လာပို့ပေး၊ အိမ်နေ ဝတ်ဖို့ အဝတ်အစားရော၊ ဒီနေ့ မနက်ပိုင်း Schedule အရေးကြီးတာမရှိရင် ဖျက်ထား ငါမလာဘူး နေ့လည်လောက်မှ လာမယ်"

တီ

"ဟို boss....."

စကား‌တောင် ဆက်မပြောလိုက်ရဘဲ ဖုန်းချသွားတဲ့ boss ကြောင့် တော်တော် စိတ်ညစ်သွားသည်။ ပြောချင်တာ ပြောပြီးချသွားတာ ဘာတွေပြောသွားတာလဲ သေချာတောင် နားမထောင်ရသေးဘူးလေ။ boss အသံက စပြောကတည်းက မကြည်နေသလိုပဲ ဒေါသထွက်နေတာလား မသိဘူး။ အခု ဒါစဉ်းစားရမှာမဟုတ်လေ။ ခုနကboss ပြောတက

အချစ်ဖြစ်ပေါ်ရန် (Ongoing) Unicode + ZawgyiWhere stories live. Discover now