Part 🖤 6 🖤 Z

247 7 2
                                    


Zawgyi
-------------

17 နှစ်ကြာပြီးနောက်....

မိုးပြာရောင် ၃ ထပ်တိုက်လေး၏ အပေါ်ဆုံးထပ်ရှိမှန်ပြတင်းပေါက်ရှေ့တွင် လူငယ်လေးတစ်ယောက်မက်တပ်ရပ်လို့နေသည် ။ ငွေဖြူရောင်ဆံနွယ်လေးနှင့် နို့နစ်ရောင်အသားအရည်တို့ကြောင့် ကောင်လေးကထိရက်ဖွယ်ပင်မရှိ...။

ဆေးကူစရာမလိုသည့် နှုတ်ခမ်းရဲရဲလေးတို့နှင့် ယပ်တောင်သဖွယ်ဖြာထွက်နေသည့် မျက်တောင်ရှည်ကြီးတွေက ထိုကောင်လေးကို မိန်းကလေးနဲ့ပင်မှားသွားစေနိုင်သည် ။ သူသည်ထိုမျှ လှပနေသည်ကိုမကြိုက် ။ ယောက်ျားပီပီ ဗလကြီးတွေနှင့် ဂျုံရောင်သန်းနေသည့်အသားအရည်တို့ကိုသာ ပိုင်ဆိုင်ချင်မိသည် ။

" သား ...မိုမိုလေး "

မှန်ပေါ်မှာအရိပ်ထင်နေသည့် ကိုယ့်ရုပ်ကိုကြည့်ပြီး မကျေမနပ်ဖြစ်နေစဉ် မေမေ့အသံကြားလိုက်ရသည်မို့ မိုမို လှည့်ကြည့်လိုက်၏ ။

" မေမေ..."

" မေမေ့ သားလေး ဘာတွေမကျေမနပ်ဖြစ်နေတာလဲ ပြောပါဦး "

နှုတ်ခမ်းလေးစူပြီး မျက်မှောင်ကြုံ့နေသည့် သားလေးက သူ(မ)အသံကြားသည်နှင့် ရင်ခွင်ထဲပြေးဝင်လာပြီးချွဲနွဲ့၏ ။ မိခင်ဖြစ်သူကိုမော့ကြည့်လာတဲ့ နက်ဆွေးနေသည့် မျက်ဝန်းတောက်တောက်လေးက ကြီးမားဝိုင်းစက်နေသည်မှာ ချစ်စဖွယ်ကြောင်ပေါက်လေးလိုပင် ။

" မေမေ.... မိုမို အပြင်သွားကြည့်ချင်တယ်, ဒီပြတင်းပေါက်ကနေမြင်ရတဲ့ ဟိုးက မြက်ခင်းပြင်ကြီးကိုကြည့်လိုက်, အဲ့ဒီကိုသွားလည်ရရင်အရမ်းပျော်စရာကောင်းမှာဘဲ "

ကလေးဆိုးလေးလိုချွဲရင်း အပြင်ထွက်ဖို့အတွက်စိတ်အားထက်သန်နေတဲ့ သားကိုကြည့်ပြီး သူ(မ) သက်ပြင်းချလိုက်မိသည် ။

" မေမေ အမြဲတမ်းပြောဖူးပါတယ် သား ကအရမ်းအရမ်းကိုထူးခြားတာမလို့ ဒီခြံထဲကနေလုံးဝထွက်လို့မရဘူးလို့လေ "

" သား ဖြင့် သား ခန္ဓာကိုယ်ပေါ်မှာ မေမေ ပြောတဲ့ထူးခြားတဲ့အရာတစ်ခုမှရှာမတွေ့ပါဘူး , သား ကိုအလကားသက်သက် အပြင်မသွားစေချင်လို့ လိမ်နေကြတာ "

🖤 Dark City 🖤 ( Complete ) Where stories live. Discover now