Part 🖤 3 🖤 Z

107 8 1
                                    


Zawgyi
-------------

မသေမျိုးအဖြစ်ရှင်သန်ခဲ့ကြသည့် နတ်ဆိုး မျိုးနွယ်စုဟာ နတ်ဆိုးဘုရင်၏ ဘဝနိဂုံးကိုလက်တွေ့ကျကျ မြင်တွေ့လိုက်ရပြီးနောက် အလွန်အမင်းထိပ်လန့်သွားကြသည် ။

နတ်ဆိုး တွေက အရေပြားဒဏ်ရာ ရနိုင်ပေမယ့် ဘယ်တော့မှမသေနိုင်တဲ့ ဘဝတွေကိုပိုင်ဆိုင်ထားသူတွေပင် ။ နတ်ဆိုးဘုရင်ကြီးကဲ့သို့ မိမိဘဝကို မိမိကိုယ်တိုင်အဆုံး စီရင်သည်မှလွဲ၍ နတ်ဆိုး တွေကိုသတ်နိုင်သည့် လက်နက်ဆိုတာမရှိပေ ။

ဒါကြောင့်သူတို့ကိုသတ်ပစ်နိုင်တဲ့ စွမ်းအင်တွေနဲ့မွေးဖွားလာမယ့် ကလေးလေးက နတ်ဆိုးတွေအတွက် သေမင်းတမန် ပင်ဖြစ်၏ ။ ဘုရင်ကြီးမရှိတော့တဲ့နောက် ဧကရီ၏ကျန်းမာရေးဟာလည်း တစ်ဖြည်းဖြည်းဆိုးရွား လာခဲ့သည် ။

ဖခင်နှင့်တူလွန်းသည့် သားတော်လေးကိုရင်ဝယ်ပိုက်ကာ အတွေးလွန်နေတတ်သည်မှာ ခဏခဏ...။ မင်းသားငယ် တစ်နှစ်သားအရွယ်မှာတော့ ဧကရီ က သူပိုင်ဆိုင်သည့် နတ်စွမ်းအားတွေအားလုံးကို မင်းသားငယ်လေးဆီ လွဲပြောင်းပေးကာ မိမိကိုယ်ကို နတ်သက်ကြွေစေခဲ့သည် ။

အုပ်ချုပ်သူကင်းမဲ့သွားသည့် နတ်ဆိုးတိုင်းပြည်ကို အကြီးအကဲ ၈ ယောက်က အလျှင်အမြန်ထိန်းချုပ်လိုက်ပြီးနောက် Devil များအရှင် " မာရ် " ကြီးပြင်းလာတဲ့အချိန်ထိ တာဝန်ယူထားပေးဖို့ ဆုံးဖြတ်ခဲ့ရသည် ။

အသက်စွမ်းအင် ရယူသွားခဲ့သည့် လူသားမိန်းမ က မဟူရာရွာ ကိုပြန်ရောက်သွားချိန်မှာတော့ မိမိကအနှစ်နာခံပေးဆပ်ကာ နတ်ဆိုးဘုရင်နဲ့ အပေးအယူလုပ်ခဲ့ရပြီး မဟူရာရွာ မှာနေထိုင်တဲ့လူတွေကို ကယ်တင်ပေးခဲ့ကြောင်း ဆို၏ ။

အသက်စွမ်းအင် ကြောင့် သူ(မ)၏ စုန်းအတက်ပညာတွေဟာ အတိုင်းထက်အလွန်မြင့်မားလာခဲ့ပြီး မဟူရာရွာ မှာ အရေးပါတဲ့မိသားစုကြီးအဖြစ် လူအများရဲ့အရေးပေး လေးစားခြင်းတွေကို ရရှိခဲ့၏ ။ မဟူရာရွာ မှ မဟူရာမြို့ အဖြစ်အဆင့်ဆင့်တိုးတက်လာခဲ့သလို ထိုမိန်းမ၏ချမ်းသာကြွယ်ဝ မှုတွေကလည်း ဆုံးခန်းမတိုင်ခဲ့ချေ ။

သူ(မ)ခန္ဓာကိုယ်ထဲက အသက်စွမ်းအင် များနှင့် အတတ်ပညာတို့အား မိသားစုအမွေအနှစ်အဖြစ် သားစဉ်မြေးဆက် အဆင့်ဆင့်လက်ဆင့်ကမ်းစေခဲ့သည် ။ သို့ပေမယ့် ထိုစွမ်းအင်က ဘယ်ကရလာသလဲ ဆိုတာနဲ့ နတ်ဆိုး တိုင်းပြည်မှာဖြစ်ပျက်ခဲ့သမျှ အရာတိုင်းကို ထိုမိန်းမ တစ်ယောက်ကလွဲ၍ အခြားဘယ်သူမှမသိကြပေ ။

🖤 Dark City 🖤 ( Complete ) Where stories live. Discover now