Part 🖤 4 🖤 Z

274 11 1
                                    


Zawgyi
-------------

" သမီးရေ... အချိန်ကျပြီ "

၅ ရက်ကြာစောင့်ဆိုင်းပြီးနောက် အစီရင်လုပ်မယ့်နေ့သို့ ရောက်လာခဲ့ပြီဖြစ်သည် ။

" ဟုတ်ကဲ့, အဖွား ပြောတဲ့အတိုင်း ယုံကြည်ရတဲ့ လူ ၄ ယောက်ကိုလဲခေါ်ထားပြီးပါပြီ, တခြားလူဆိုစိတ်မချတာမို့ အကို့တပည့်တွေထဲကဘဲ အဆင်ပြေသလိုစီစဉ်လိုက်တယ် အဖွား "

" ကောင်းတယ်...ကောင်းတယ် အစစအရာရာသတိထားတာကောင်းတယ်, ဒါဆိုအဖွား အစီရင်စလုပ်တော့မယ် "

အဖွားအို က ယောက်ျားသား ၄ ယောက် နဲ့အတူ ခြံထဲဆင်းသွားခဲ့ပြီးနောက် သံမို ပုံစံပြုလုပ်ထားသည့် ကျွန်းနက်သစ်ချောင်း လေးချောင်းကို လူ ၄ ယောက်ဆီ ခွဲပေးလိုက်ကာ ခြံဒေါင့်တိုင်းမှာ မြုပ်နှံစေသည် ။

ထို့နောက် အဖြူအနီ ရောနှော ထားသည့် ဆေးမှုန့်တွေကို အိမ်ပတ်ပတ်လည်မှာချပြီး စည်းအဖြစ်အသုံးပြုလိုက်သည် ။ အားလုံးပြီးသွားသည့်တိုင် အိမ်ထဲချက်ချင်းပြန်မဝင်သေးဘဲ နေရာတိုင်းကို စေ့စေ့စပ်စပ်လိုက်ကြည့်ကာ စိတ်ချရတဲ့အခြေသို့ရောက်ပြီဆိုမှ အိမ်ထဲပြန်ဝင်လာခဲ့သည် ။

" သမီး.. အခုချိန်မှာ ကလေးလေးက သူ့စွမ်းအင်တွေကို မထိန်းချုပ်တတ်တာမို့ စွမ်းအင်တွေကပျံ့ကျဲနေတာ သူမွေးလာတဲ့အခါမှာလဲ စွမ်းအင်တွေကအရှိန်အဟုန်နဲ့ ပေါက်ကွဲထွက်သလို ထွက်ပေါ်လာလိမ့်မယ် ။

သာမာန်လူတွေက အဲ့ဒီစွမ်းအင်တွေကိုမခံစားနိုင်ဘူးဆိုပေမယ့် နတ်ဆိုး တွေကတော့ခံစားနိုင်တယ်, ဒါကြောင့်မို့ ကလေးလေး မွေးပြီးပြီးချင်း ဒါလေးကိုသူ့လည်ပင်းမှာဆွဲထားပေးရမယ် "

အဖွား ပေးတဲ့အဆောင်ကထူးထူးဆန်းဆန်းအရာတော့မဟုတ် အနက်ရောင်သစ်တုံး ပုံစံဆွဲသီးလေးနှင့် အနက်ရောင်ပိုးကြိုးလေး ပင်ဖြစ်သည် ။

" အခု အဖွား ကအဓိကအရေးကြီးတာကိုပြောတော့မယ်, သေချာနားထောင် "

အဖွားရဲ့သတိပေးချက်ကြောင့် လမင်း ရော အကိုပါ ကျောလေးမက်ခနဲဖြစ်သွားရသည် ။

" အဖွား ဒီအိမ်မှာချပေးခဲ့တဲ့အစီရင်က အကာအကွယ် အစီရင်လို့ခေါ်တယ်, အဲ့ဒီအရာတွေက သမီးနဲ့ကလေးလေး ဒီခြံဝင်းထဲမှာရှိနေသရွေ့ ကာကွယ်ပေးနိုင်လိမ့်မယ် , ဒါကြောင့်မို့ ကလေးလေး အသက် ၁၈ နှစ်ပြည့်တဲ့အချိန်ထိ ဒီခြံထဲကနေလုံးဝ ထွက်သွားလို့မရဘူး, ခြေတစ်လှမ်းလေးတောင်မရဘူး "

🖤 Dark City 🖤 ( Complete ) Wo Geschichten leben. Entdecke jetzt