Part 🖤 1 🖤

38K 2.7K 84
                                    

Unicode
-------------

" အမလေး..အမလေး..သခင်မ​လေးရယ်
တစ်ခုခုလိုရင် အန်တီအေး ကိုခေါ်ပါကွယ်
...မပေါ့မပါးကြီးနဲ့ကို အခုလိုအထိန်းမပါဘဲ
ဆင်းမလာပါနဲ့ "

ကိုယ်ဝန် ၈ လရှိပြီဖြစ်လို့ အရှေ့ကိုပူထွက်နေ
တဲ့ဗိုက်ကလေးနဲ့ အပေါ်ထပ်ကနေဖြည်းဖြည်း
ချင်းဆင်းလာနေသည့် အိမ်ရှင်သခင်မလေး
ကြောင့် ဒေါ်အေး ခေါင်းမွှေးတွေထောင်တက်
ကုန်၏ ။

မျက်တောင်ရှည်ကြီးတွေ....။ ဖြူဖြူဖွေးဖွေး
အသားအိအိလေးတွေနဲ့ နီစွေးနေတဲ့နှုတ်ခမ်း
ဖူးလေးတွေပိုင်ဆိုင်ထားတဲ့ အိမ်ရှင်သခင်မ
လေးကို သခင်ကြီးကသည်းသည်းလှုပ် ငုံထား
မတတ်ချစ်မြတ်နိုးတာ သူတို့အိမ်အကူအမျိုး
သမီးတွေအသိဆုံး ။

အခုလို အထိန်းမပါဘဲလှေကားကနေဆင်းလာ
တာ သခင်ကြီး သိကြည့်ပါလား... ဟွန်း
ဒေါ်အေး တို့တစ်တွေ ကားစီးစရာမလိုဘဲ
အောက်ပြည်က ရွာ ပြန်ရောက်သွားအောင်
ကန်ထုတ်ခံရလိမ့်မယ် ။

" အို...အန်တီအေးရယ် ဘာမှမဖြစ်ပါဘူး..ဒီ
လောက်ကတော့ ယိင်း ကိုယ့်ပါသာ သွားနိုင်
ပါတယ် "

မတော်တဆမဖြစ်ခင် အိမ်ရှင်သခင်မလေးကို
အပြေးလေးသွားတွဲလိုက်တော့ လေပြေအေး
ကလေးနဲ့ ဒေါ်အေး ကိုစိတ်မပူဖို့ပြောရှာသည် ။

" မဖြစ်ပါဘူး...သခင်ကြီး သိရင် အန်တီအေး
ကိုဆူမှာပေါ့...သခင်မလေး ဗိုက်ကအခုဆို ၈
လတောင်ရှိနေပြီ...တစ်ခုခုဖြစ်သွားလို့ကတော့
ဟင်း..ဟင်း ခေါင်းကြိမ်းတယ်နော် "

" ခစ်...ခစ် အန်တီအေး ကတော့လေ.... "

ကျယ်ဝန်းလှတဲ့ဧည့်ခန်းကြီးတစ်ခုလုံးကို အ
ညိုရောင်ဆိုဖာ အနည်းငယ်ဖြင့်သာခင်းကျင်း
ထားစေပြီး ကိုယ်ဝန်သည်အမျိုးသမီးလေး
လွတ်လပ်စွာ လမ်းလျှောက်နိုင်ဖို့အတွက် ဂရု
တစ်စိုက်ပြင်ဆင်ထားသူမှာ သခင်ကြီး ရှိုင်း
ထက်မြတ် ပင် ။

" သခင်မလေး ဒီမှာအေးဆေးထိုင်နေနော်
သခင်မလေး အတွက်လိမ္မော်ရည်လေး အန်တီ
အေး အခုဘဲသွားဖျော်ပေးမယ် "

တစ်ယောက်ထိုင်အညိုရောင်ဆိုဖာပေါ် သက်
သောင့်သက်သာထိုင်ချပြီးတဲ့နောက် ဒေါ်အေး
ကိုခပ်ပြုံးပြုံး မော့ကြည့်လာတဲ့ သခင်မလေး
က သူ့အကြောင်းသိလှချည်လား ဟူသည့်ပုံစံ
ဖြင့်....။

🖤 Dark City 🖤 ( Complete ) Where stories live. Discover now