Part - 10

145 21 2
                                    

တစ်လကြာပြီးသော်...

" ဒေါက်တာ ဒေါက်တာ ရှိန်းကို ဒီလိုမလုပ်ပါနဲ့လားဟင် "

" တို့ရှေ့က ထွက်သွားပါ ကလေးမ "

" ရှိန်းဘာများလုပ်မိလိုက်လဲ ဒေါက်တာ "

ခင်မူယာငြိမ်သက်တိတ်ဆိတ်လျက်သာရှိသည်။

" ဒေါက်တာ သမီးက ဦးမောင်နဲ့ရတဲ့ကလေးမဟုတ်ပါဘူး "

" အဲ့ဒီတော့ တို့က ဘာလုပ်ရမှာလဲ "

" ဒေါက်တာ..."

ခင်မူယာလက်မောင်းကိုကိုင်ဆွဲရင်း အသနားခံနေမိသည်။

" လွတ်ပါ ရှိန်း "

" ရှိန်း မနေတတ်ဘူး ဒေါက်တာ ရှိန်းကိုမခေါ်တာ ရှိန်းမနေတတ်ဘူး "

" မင်း တို့နဲ့မတွေ့ခင်တုန်းကရော ဘယ်လိုနေခဲ့လဲ "

" အရင်ကအရင်ကပဲကို ခု ဒေါက်တာနဲ့ရှိန်း တွေ့ပြီးပြီ "

" တော်ပါ ကလေးမ မင်းနဲ့ဒီထက်ပိုပြီး ရေစက်ရှိမနေချင်တော့ဘူး "

" ဒါပေမယ့် ရှိန်း ရှိချင်တယ် ...ဘာလို့လဲ ဘာလို့လဲဟင် ဒေါက်တာ ဒေါက်တာတို့ဖြစ်တဲ့ကိစ္စတွေ ဘာလို့သမီးက ဆက်ခံရမှာလဲ မေမေ့ကိုမုန်းချင်မုန်းပါ သမီးကိုတော့မမုန်းပါနဲ့လားဟင် "

ရှိန်းသည်အသံသိမ်ဝင်သွားလျက် ဒူးတုပ်ထိုင်ချသွားတော့သည်။

" ရှိန်း တော်တော့ ထ "

ရှိန်းက ဆက်၍ပင်ငိုနေဆဲ။

" ရှိန်း ထ "

ဒီတစ်ခါတော့ ပါးစပ်နဲ့ပဲမပြောတော့ပဲ ရှိန်းလက်မောင်းကိုအသာဆွဲကိုင်မလိုက်သည်။

" မင်းမေမေနဲ့ တွေ့ပြီးပြီလား "

" ပြီးခဲ့တဲ့ တစ်လက မေမေ အိမ်လာတွေ့သွားပါတယ် ပြီးတော့လေးလေးနဲ့ကတောက်ကဆဖြစ်သွားကြတယ် "

" အင်း "

" ဒေါက်တာ အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ပါစေ ရှိန်း ရှိန်း ဒေါက်တာစိတ်ကျေနပ်အောင် အကုန်လုပ်ပေးပါမယ် "

" မင်း ဘာမှလုပ်ပေးစရာမလိုပါဘူး ရှိန်း "

" ဒေါက်တာ "

Latt Pan - လက်ပံWhere stories live. Discover now