Part - 6

140 22 2
                                    

" ဒေါက်တာ "

" အွန်း "

" ရှိန်း မနက်ဖြန်လည်း မနက်စာလာစားလို့ရတယ်မလားဟင် မဟုတ်ဘူး မဟုတ်ဘူး ဒေါက်တာရှိနေသ၍လာစားမယ်လေ နော် နော် နော် "

" တို့ကမင်းအမေမို့လား "

" မဟုတ်ဘူး ချစ်သူ "

မျက်လွှာကလေးအောက်ချကာရှိန်းတိုးတိုးဆိုလေသည်။

" ဘာပြောလိုက်တယ် "

" ဘာမှမဟုတ်ပါဘူး ဒေါက်တာ "

" အင်းပေါ့ လာစားလို့ရပါတယ် "

" တကယ်ကြီးလားဟင် ဒေါက်တာ "

" စကားကိုနှစ်ခါပြန်ပြောရတာမောတယ် "

" ကျေးဇူးပါ ဒေါက်တာ "

" အင်း ကျေးဇူးတင်ရင် အိုးခွက်ပန်းကန်တွေတော့ကူဆေးပေး "

ဘေစင်ထဲကအိုးခွက်ပန်းကန်တွေကိုခင်မူယာကမှေးကော့ပြလေသည်။

" ရပါတယ် ဒေါက်တာ ဆေးဖို့ကရှိန်းတာဝန်ထား ရှိန်းအကုန်ဆေးမယ် "

" ပန်းကန်တစ်ချပ်ကျကွဲရင်တော့ ငါးချပ်စာပဲနော် "

" ဒေါက်တာ့အတွက်သာဆိုရင် ငါးချပ်မကဘူး "

" ဟုတ်ပါပြီ ဘောစိမရေ "

" ဒါနဲ့ ဒေါက်တာ ဘာစာအုပ်ဖတ်ရတာကြိုက်လဲဟင် "

" ကြိုက်တဲ့စာအုပ်ရယ်မရှိပါဘူး အကုန်ဖတ်ပါတယ် ကလေးမထင်တာ တို့ကစာအုပ်အရမ်းဖတ်တယ်ထင်နေလား မင်းဒီတစ်ခါတော့ထင်တာလွဲပါတယ် တို့ကစာအုပ်မကြိုက်ပါဘူး ဒီတိုင်းလုပ်စရာမရှိတာရယ် ပြီးတော့စိတ်ရဲ့အေးချမ်းရာလေးရှာနေတာ "

" ရှိန်းလေ ဒေါက်တာ ရှိန်းကဒေါက်တာ့ရဲ့အေးချမ်းရာလေးဖြစ်ပေးမယ်လေ နော် "

" သွားစမ်းပါ "

" လက်ခံတယ်လား "

" အမယ်လေ နားညီးလိုက်တာ သွားတော့မယ် "

" အား ဒေါက်တာ ဘယ်သွားမလို့လဲ ရှိန်းလိုက်မယ် "

ခင်မူယာနောက်အပြေးလေးလိုက်ကာ ခင်မူယာလက်မောင်းကိုအသာကလေးဆွဲဖက်လိုက်သည်။

" လွတ်စမ်းပါကွယ် ပူအိုက်ရတဲ့ကြားထဲ "

" မလွတ်ဘူး မလွတ်ဘူး "

Latt Pan - လက်ပံWhere stories live. Discover now