Part - 4

237 24 0
                                    

" ခင် ကိုကိုကော်ဖီဖျော်ပေးထားပြီနော် ထ မျက်နှာသစ်ပြီး မနက်စာစားရအောင် "

" မွှေးနေတာပဲ ခေါင်းကိုက်တာတောင်ချက်ချင်းသက်သာသွားရော "

" ကိုကို့အချစ်တွေထည့်ဖျော်ထားတယ် ရော့ သောက် "

" ကလေးကလားနဲ့ "

" ခင် ကိုတို့လက်ထပ်ပြီးသွားရင် သားသားတစ်ယောက်ယူမယ် မီးမီးတစ်ယောက်ယူမယ် မကောင်းဘူးလား "

" အာ ဘာတွေလျှောက်ပြောနေတာလဲ သွားပါ မဟုတ်တာတွေ "

" ကိုကိုအတည်ပြောနေတာ ခင်ရဲ့ "

" ဘာလဲ ကလေးယူပြီး ကျွန်မကိုမချစ်တော့ဘူးလား ပြော "

" ဟော မဟုတ်တာကွယ် "

" ကျွန်မလည်း စတာပါကွယ် "

" ဒေါက်တာ ဒေါက်တာ ..."

" အော် အမ် အင်း ပြော ရှိန်း "

" ဒေါက်တာ ဘာတွေတွေးနေလဲဟင် ခုနကတည်းကခေါ်နေတာကို "

" ဟိုဟိုဒီဒီပါ ဘာမှမဟုတ်ပါဘူး "

" ဒေါက်တာ ဘာဖြစ်ဖြစ် ရှိန်းကိုပြောပြလို့ရပါတယ် နော် ဒေါက်တာ "

စားပွဲပေါ်တင်ထားတဲ့ ခင်မူယာလက်ကိုကိုင်ရင်းရှိန်းဆိုသည်။

" ရပါတယ် ဘာမှမဖြစ်ပါဘူး "

အပြင်ဘက်သို့မျက်နှာလွဲလျက် ရှိန်းဆီကလက်ကိုပြန်ခွာလိုက်လေသည်။

" ရှိန်း "

" ဟုတ် ဒေါက်တာ "

" ရှိန်းရဲ့နာမည်အပြည့်အစုံက..."

" ရှိန်းပါပဲ ဒေါက်တာ "

" တစ်လုံးတည်း? "

" တကယ်တော့ ရှိန်းမှာနာမည်ရယ်လို့မရှိသလို မိဘတွေဘယ်သူမှန်းလဲမသိတဲ့ကလေးပါ ဒေါက်တာ "

" အမ် sry ပါရှိန်း "

" ရပါတယ် ဒေါက်တာ ကိစ္စမရှိပါဘူး "

" အဲ့ဆို ဦးညီက? "

" ရှိန်းကိုမွေးစားထားတာပါ ဒေါက်တာ "

" အော် "

" ရှိန်း ဒီနာမည်ဘယ်လိုရလာလဲ ပြောပြရင် ဒေါက်တာရီချင်နေမှာ လေးလေးကတော့ရှိန်းကိုအရွယ်ရောက်သည်အထိ ရှိန်းကလေးလေးရဲ့တူမလေးအရင်းဖြစ်ပြီး မိဘတွေကဆုံးသွားခဲ့တယ်ဆိုပြီး ရှိန်းဝမ်းနည်းနေမှာစိုးလို့ဒီလိုအချိန်တသ်ခုအထိလိမ်ပေးနိုင်ခဲ့တယ် ဒါပေမယ့် ဒေါက်တာ လူတွေပြောနေကျလိုဆို အမှန်တရားဆိုတာ ကြာကြာဖုံးကွယ်ထားလို့မှမရတာ အဲ့တော့ အရွယ်ရောက်ပြီး သိပ်မကြာလိုက်ပဲ ရှိန်းအဖြစ်မှန်အားလုံးကိုသိလိုက်ရတယ် "

Latt Pan - လက်ပံTahanan ng mga kuwento. Tumuklas ngayon