" လက်ပံ "စာအုပ်အငှားဆိုင် since 2000
ရပ်ကွက်ထဲက သက်တမ်းအကြာဆုံးနဲ့ယနေ့ထိတိုင်မပြောင်းလဲတည်ရှိနေသော လက်ပံစာအုပ်အငှားဆိုင်လေး ...
" မလဲ့လဲ့ မလဲ့လဲ့ ရှိလာ ရှိန်းစာအုပ်လာအပ်တာပါ "
ဂုတ်လောက်ရှိတဲ့ဆံပင်လေးနဲ့ ညဝတ်အိပ်နဲ့လက်ထဲမှာလည်းစာအုပ်သုံးလေးအုပ်ကိုင်လျက် အသံဆူးဆူးနဲ့ ဆိုင်ထဲလှမ်းအသံပြုနေတဲ့ကောင်မလေးတစ်ယောက် ရှိန်း။
" စာအုပ်လား "
မီးဖိုဆောင်ဘက်က ပြန်အသံပြုလိုက်သူမှာ ကြားနေကျလဲ့လဲ့အသံမဟုတ် အသံခပ်မာမာ သြဇာပါဝါအပြည့်နဲ့အသံမျိုး။
" ဟုတ် "
" စားပွဲပေါ်တင်ထားလိုက်လေ လဲ့လာရင်တို့ပြောပေးလိုက်မယ် "
လက်ထဲမှာအဝတ်ဆုတ်တစ်ခုရယ် ယောက်မတစ်ခုရယ် ကိုင်လျက် မီးဖိုဆောင်ဖက်ကနေထွက်လာပြီးပြောသူမှာ အမျိုးသမီးတစ်ယောက်။
" ဟေ့ တို့ပြောတာ ကြားရဲ့လား ကလေးမ "
ကောင်မလေးတစ်ယောက်ထိုအမျိုးသမီးကိုငေးနေခဲ့သည်လား။Apron ဝတ်ထားလျက် ဆံပင်ကိုနောက်မှာ မသေမသပ်စည်းနှောင်ထားရင်း အိမ်နေအဝတ်အစားနဲ့ဆိုပေမယ့် တစ်မျိုးတစ်ဖုံကြည့်လို့ကောင်းနေသောထိုအမျိုးသမီး။
" အော့ ဟုတ် "
အမျိုးသမီးမှာ ခန့်မှန်းအားဖြင့် အသက်လတ်ပိုင်းဖြစ်ပေမည်။ခန္ဓာကိုယ်မှာ ပိန်ပိန်သွယ်သွယ် smart ဖြစ်တဲ့အချိုးအစားမျိုး။မျက်နှာမှာ ပြောစရာပင်မရှိ shape ကျတဲ့ jaw တွေပေါ်လွင်လျက် နှင်းဆီဖူးလိုနှုတ်ခမ်းတစ်စုံ ခပ်ချေချေမျက်နှာအနေအထားနဲ့ အေးစက်တဲ့မျက်ဝန်းတွေသာမရှိရင် ဒီအမျိုးသမီးဟာ ရှိန်းအတွက် အလှဆုံးဖြစ်ပေမည်။
" နာမည်ကဘာလဲ "
" ရှိန်း ရှိန်းပါရှင့် "
" အင်း ပြောပေးလိုက်မယ် "
" ဟုတ် အဲ့ဆိုခွင့်ပြုပါဦးရှင့် "
အမျိုးသမီးကတော့ ဘာမှမတုံ့ပြန်။ရှိန်းလှည့်အထွက် လဲ့လဲ့လည်းရောက်လာတော့သည်။
VOCÊ ESTÁ LENDO
Latt Pan - လက်ပံ
Ficção Geralငါ၏ချစ်ခြင်းသည် ငါကိုယ်တိုင်သော်လည်းကောင်း တခြားသူတစ်စုံတစ်ယောက်တို့အား ပူလောင်စေခြင်းကိုဖြစ်စေခဲ့သော် ငါသည် ဤပူလောင်ခြင်းနှင့်ကင်းဝေးသောအရပ်ဆီသို့ သွားမည်လော့။