Part - 9

171 23 2
                                    

" ကိုညီ သမီးလေးရော "

" ရှိတယ် "

" သမီးကို တွေ့လို့ရမလားဟင် "

" ငါကတော့ ခွင့်ပြုပါတယ် တွေ့ချင်တာမတွေ့ချင်တာကတော့ သမီးရဲ့ဆန္ဒပါ "

" သမီးဘယ်မှာလဲဟင် ကျွန်မ ကျွန်မ သမီးဆီသွားလို့ရမလား "

" ကောင်းပြီလေ နောက်လိုက်ခဲ့လှည့် "

ကိုကိုညီမှအိမ်အပေါ်ထပ်ရှိန်းရှိရာအခန်းသို့ဦးတည်သွားလျက် ဖြူဝင်းမေ နောက်မှလိုက်တက်သွားလေသည်။

" ဒေါက် ဒေါက်ဒေါက်...တံခါးခေါက်သံ "

" သမီးငယ် ရှိန်း ရှိန်းရေ "

စက္ကန့်ပိုင်းမျှကြာသွားသည်။ထိုစဥ် မျက်နှာဟန်မူယာမကောင်းစွာနဲ့တံခါးဖွင့်လာသောရှိန်းကိုမြင်ရသည်။

" လေးလေး "

အသံတိုးဖျော့စွာခေါ်လျက် မျက်ဝန်းများမှလည်း လေးလေးဖြစ်သူဘေးနားရပ်ပါလာသောထိုအမျိုးသမီးကိုဘယ်သူလဲဟုမေးခွန်းထုတ်ဟန်ဖြင့်လေးလေးဖြစ်သူကိုကြည့်နေမိသည်။

" သမီးနဲ့တွေ့ချင်တယ်ဆိုလို့ လေးလေးခေါ်ခဲ့တာပါ အေးဆေးစကားပြောနှင့်ဦးနော် လေးလေးလုပ်စရာရှိသေးလို့ အောက်ပြန်ဆင်းလိုက်ဦးမယ် "

ဘာလုပ်ရမှန်းမသိ ရှိန်းတစ်ယောက် အကြောင်သား မတ်တပ်ရပ်နေမိသည်။ရွှန်းလဲ့တောက်ပသောမျက်ဝန်းများမှ မျက်ရည်များသာ ဘယ်မှန်းမသိကျဆင်းလာတော့သည်။

" သမီး မငိုပါနဲ့ကွယ် မေမေပြန်လာပြီ မေမေ သမီးကိုပြန်လာခေါ်ပြီ "

ရှိန်းပါးပေါ်ရောက်လာသောမိခင်ရဲ့လက်ကိုတွန်းဖယ်လိုက်သည်တပြိုင်နက် မိခင်ကိုခါးသီးသောအကြည့်တို့ဖြင့် စကားဆိုလေသည်။

" သမီးဘဝနဲ့သမီးဖြစ်နေပြီကို မေမေဘာလို့ရုတ်ချည်းဘယ်ကမှန်းမသိရောက်လာတာလဲ အားလုံးကောင်းနေချိန်မှာမှ မေမေဘာလို့ရောက်လာတာလဲ "

ဖြူဝင်းမေသည် သမီးဖြစ်သူကို ကြောင်ကြည့်လျက်သား ရုတ်တရက်ဘာလုပ်ရမှန်းမသိ မျက်ရည်ပေါက်ပေါက်ကျနေတဲ့သမီးကိုသာရင်ခွင်ထဲထည့်ဖက်လိုက်သည်။

Latt Pan - လက်ပံWhere stories live. Discover now