ဇွန်လပီသစွာပဲ မိုးတွေတသည်းသည်းမဆဲ နေ့နေ့ညည ရွာသွန်းဖြိုးနေသည်။
" လက်ပံ ရော့ "
လက်ပံစာအုပ်ဆိုင်လေးရဲ့ပြတင်းနားမှာစာအုပ်လေးတစ်အုပ်နဲ့အပြင်ကိုငေးနေသော ရှိန်းဆီသို့ ခင်မူယာ နွားနို့ခွက်ကမ်းပေးရင်းကဆိုသည်။
" မိုးအေးတယ် တို့ နားတိုးခဲ့ "
အသာတကြည်ပင် ခင်မူယာအနားသို့တိုးလေသည်။
" နီးလွန်းတယ် "
" အန်တီပဲ အေးတယ် အနားတိုးခဲ့ဆို "
" မင်းက ပြတင်းဝနားနေတော့ လေတိုးတယ်လေ အဲ့ကြောင့်မို့ ဒီဖက်နားတိုးခိုင်းတာ "
" ပြောတော့ တို့ နားတိုးခဲ့ဆို "
" ဟုတ်ပါပြီ ခေါ်မိတာကိုက ကျွန်မအမှားပါတော် "
" အန်တီ "
" ပြော "
" အန်တီ အချစ်ရှိရာ ဤမောရှမ်းမြေ ဖတ်ပြီးသွားပြီလား "
" ဖတ်ပြီးပြီပေါ့ ဒီလောက်တောင်ကြာနေပြီကို "
" အန်တီ့အမြင်ဘယ်လိုရှိလဲဟင် "
" အွန်း ကောင်းပါတယ် "
" ကောင်းတယ်လည်းပြောသေးတယ် အသံကလည်းစိတ်ထဲကမပါလိုက်တာ "
" နဲနဲလောက်အရေးပေးလိုက်တာနဲ့ပဲ အတွန့်အတက်ကတော်တော်များတာပဲနော် "
" မများရပါဘူး အရှိကိုအရှိတိုင်းပြောပြတာကို "
" Ying က အများကြီးချစ်စရာကောင်းတယ် "
" သမီးထက်လား "
" 100% "
" ဟွင့် "
ပြတင်းဝနားသို့တစ်ထထဲထသွားတော့သည်။
" ကလေးလား တစ်ခုခုဆို စိတ်အမြဲကောက်နေတာပဲ "
" ရှိန်းမှာ နှလုံးသားရှိတယ် စိတ်ဆိုးတတ်တယ် စိတ်ကောက်တတ်တယ် နာကျင်တတ်တယ် "
" လက်ပံလေးရယ် "
" အန်တီက ရှိန်းကိုဆို အမြဲအဲ့လိုပဲ "
" ဟောကွယ် ကဲပါ စိတ်တော်ကောက်တာ ပြေပါ ဟုတ်ပြီလား လာ လာခဲ့ "
YOU ARE READING
Latt Pan - လက်ပံ
General Fictionငါ၏ချစ်ခြင်းသည် ငါကိုယ်တိုင်သော်လည်းကောင်း တခြားသူတစ်စုံတစ်ယောက်တို့အား ပူလောင်စေခြင်းကိုဖြစ်စေခဲ့သော် ငါသည် ဤပူလောင်ခြင်းနှင့်ကင်းဝေးသောအရပ်ဆီသို့ သွားမည်လော့။