အပိုင်း ၆

507 96 2
                                    

အပိုင်း ၆ - လင်းလောင်ကန်

သစ်သားလှေက ဆိပ်ကမ်းသို့ အလျှင်အမြန်ရောက်ရှိလာသည်။ သို့သော် လူတိုင်း ပြေးလာ၍ ခဏမျှစောင့်ပြီးနောက်၌ သစ်သားလှေသည် ရှီချောင်မြို့ကုန်သည်ဆိပ်ကမ်း၌ နားရန် ရည်ရွယ်ချက်မရှိသည်ကို တွေ့လိုက်ရသောကြောင့် စိတ်ပျက်သွားကြသည်။ လှေက ကမ်းသို့ ကပ်လာပြီးနောက် လှေပေါ်မှ လူတစ်ယောက်ဆင်းလာကာ မြို့ဆီသို့ ဦးတည်လာသည်။

လှေပေါ်မှ ဆင်းလာသူသည် ယောကျ်ားတစ်ယောက် ဖြစ်ပြီး ၂၇ သို့မဟုတ် ၂၈နှစ်အရွယ်ရှိကာ ခံ့ညားသည့် မျက်ဝန်းများနှင့် ဓားသဏ္ဍာန် မျက်ခုံးများ ရှိ၏။

သူ့၏ ပုံသဏ္ဍာန်သည် တောင့်တင်းသန်မာဟန် မရပေ။ သို့သော် ကျွမ်းကျင်သူများသာ သူ့၏ ခြေလှမ်းပုံကို မြင်မည်ဆိုပါက ထိုသူသည် သေချာလေ့ကျင့်ထားသူ ဖြစ်ကြောင်း သိရှိနိုင်ပေလိမ့်မည်။ အရပ်မြင့်မြင့်နှင့် ထိုသူသည် သာမန်အဝတ်အစားများကို ဝတ်ဆင်ကာ ထူးဆန်းသည့် ကျောပိုးအိတ်ကို လွယ်ရင်း လှေပေါ်မှ ဆင်းလာပြီးနောက် သိချင်စိတ်ဖြင့် လှည့်ပတ်ကြည့်ရှုလိုက်၏။ သူသည် ကမ္ဘာကို လှည့်ပတ်ခရီးသွားနေသော ခရီးသည်တစ်ယောက်နှင့် တူနေပေသည်။

ထိုသူကို တွေ့လိုက်ရပြီးနောက် လူ​တိုင်းသည် လုံးဝ စိတ်ပျက်သွားကြသည်။

ဤသည်ကသာ တောက်တောက်ပြောင်ပြောင် ဝတ်စားထားသူ ဖြစ်လျှင် သူတို့သည် အားကြိုးမာန်တက်ဖြင့် ချက်ချင်း ပြေးသွားမိပေလိမ့်မည်။ အကြောင်းမှာ ထိုသို့သောသူအများစုသည် ချမ်းသာသည့်မိသားစုများမှသခင်လေးများ ဖြစ်သောကြောင့်ပင်။ သူတို့ကို အဝတ်အစားအိတ် သယ်ပေးရင်း လမ်းပြရပြီး ကံကောင်းမည်ဆိုပါက ဆုလာဘ်များစွာ ရရှိနိုင်သေး၏။

သို့သော် ထိုသူကမူ နောက်တစ်ချက် ထပ်ကြည့်ရန်ပင်မလိုပေ။ သူ့ကိုယ်ပေါ်ရှိ အဝတ်များသည် ချည်ထည်ဖြစ်သော်လည်း အိုဟောင်းနေလေပြီး အရေးကြီးဆုံးမှာ သူသည် တစ်ယောက်တည်း ရောက်ရှိလာခြင်း ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် သူ့၌ ပိုက်ဆံမရှိကြောင်း ပြော၍ရ၏။ သူ့ကို လမ်းပြပေးခြင်းဖြင့် ပိုက်ဆံများစွာရမည်မဟုတ်သလို သူတို့၏ တံတွေးနှင့်အချိန်ကို ကုန်ဆုံးစေပေလိမ့်မည်။

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Where stories live. Discover now