Description( အကျဥ်းချုပ်)

2.6K 119 5
                                    

ကမ္ဘာပျက်ကပ်ဆီမှ ကျေးရွာလေးသို့...

ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်များကို အသုံးပြု၍  လုံလုံလောက်လောက် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ကုန်ပစ္စည်းများအား ဝယ်ယူ၊ ရွှေချောင်းများအား စုဆောင်းပြီးနောက်၌ သူသည် သူ့၏ စွမ်းရည်များနှင့်အတူ အခြားကမ္ဘာတစ်ခုဆီသို့ အောင်အောင်မြင်မြင် ကူးပြောင်းရောက်ရှိသွားတော့သည်။

သူ ရောက်ရှိသွားသော ရှေးခေတ်ကမ္ဘာ၌ ခရီးသွားလာရန် ခြေထောက်ကိုသာ အားကိုးရသည်။ ဆက်သွယ်ရေးအတွက်မူကား လှမ်းအော်ရုံသာ တတ်နိုင်၏။ လုံခြုံရေးအတွက်မှာလည်း ခြံစောင့်ခွေးများသာ ရှိသည်။ ဝူချင်းယွမ်အတွက်တော့ ဤသည်က ပြဿနာမဟုတ်ပေ။ သူက ဤနေရာ၌ သူ့အိပ်ရာကို နွေးထွေးစေမည့် ဇနီးတစ်ယောက်အား ရှာချင်ခဲ့ရုံသာ ဖြစ်၏။

လအနည်းငယ် ကြာပြီးနောက်...

ဝူချင်းယွမ် : အောင်သွယ်တော်အဒေါ်...ကျွန်တော့်အတွက် ကူပြီး လက်ထပ်ပွဲ စီစဥ်ပေးပါဦး

အောင်သွယ်တော် : အဲ့ဒါက ဘယ်သူလဲ

ဝူချင်းယွမ် : လင်းရှုကန်ရဲ့ မိသားစုကပါ

အောင်သွယ်တော် : ဘာ...အဲ့ဒီလူက အရမ်းရုပ်ဆိုးပြီး ဘယ်လို ကောင်းကောင်း ပြုမူရမလဲဆိုတာ မသိတဲ့အပြင် အခုထိ လက်မထပ်နိုင်သေးတဲ့...လင်းအားမိုလား?!!

ဝူချင်းယွမ် : ဟုတ်တယ်...ကျွန်တော် သူ့ကိုကြိုက်လို့ (ရှက်ပြုံးပြုံးလျက်)

အောင်သွယ်တော် : ...

Update schedule - 1 chapter for 1 week

ဒါလေးကို ဘာသာပြန်နေတဲ့သူမရှိရင် Pick မလို့ :4

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Dove le storie prendono vita. Scoprilo ora