အပိုင်း ၄

603 102 9
                                    

အပိုင်း ၄ -  အာ့ရယ်၏ ခင်ပွန်း

ဝူဝမ်ပင်းသည် သူ့၏   ဒုတိယအဘိုးလေးဖြစ်ပြီး အကြိမ်အနည်းငယ်မျှသာတွေ့ဖူး၍ ထိုအချိန်က သူသည် ကလေးအရွယ်သာ ရှိသေး၏။

တံခါးဖွင့်လိုက်သူမှာ ဦးလေးကျိုးဖြစ်ကြောင်း သူ သိပေသည်။ ဦးလေးကျိုးက သူ့အာ့ရယ်၏ လူ ဖြစ်​၏။ သူ့၏နာမည်က အလွန်သာမန်ဆန်ပြီး လူသိလွယ်သော နာမည် ဖြစ်သည်။ သူ့နာမည်က ကျိုးတနျိုဖြစ်ကာ သူ့နာမည်အတိုင်းပင် သူ့၏ စိတ်နေသဘောထားသည်လည်း နွားတစ်ကောင်လို ခေါင်းမာလှသူ ဖြစ်သည်။

ချင်းယွမ်သည် ကျိုးတနျိုကို တစ်ခါသာတွေ့ဖူးပြီး သူ့အဖိုး၏စျာပန၌ ဖြစ်သည်။ ဝူမိသားစုဝင်များသည် နိုင်ငံခြားမှရုတ်တရက် ပြန်လာသော အာ့ရယ်အပေါ် ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့ကြ၏။ ဦးလေးကျိုးကိုသာ ဆွဲထားမည့်လူမရှိပါက ထိုခေါင်းမာလှသောသူသည် တစ်စုံတစ်ယောက်ကို ဆွဲထိုးမိလိမ့်မည် ဖြစ်ကြောင်း ဝူချင်းယွမ် သိပေသည်။

ဝူချင်းယွမ် နှုတ်ဆက်သံကို ကြားလိုက်ရချိန်၌ အဖိုးကျိုး၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။သူက ဝူမိသားစုဝင်များအပေါ် အမြင်ကောင်းမရှိသောကြောင့် ရွံ့မုန်းသည့်အမူအရာကို ဖော်ပြလာ၏။

သို့သော် ဝူချင်းယွမ်ကို ခေါင်းအစ ခြေအဆုံး နောက်တစ်ခေါက် ထပ်ကြည့်လိုက်ပြီးနောက် ချင်းယွမ်၏ အဖိုးနာမည်ကို ကြားလိုက်ရချိန်တွင် သူ့၏ မျက်နှာ အမူအယာက အနည်းငယ် ပြေလျော့သွားသည်။ ထို့နောက် သူက ပြောလိုက်လေ၏။ 

" မင်းက ရှောင်ကောင်းရဲ့မြေး မဟုတ်လား... ဒါဆို အထဲဝင်ခဲ့..."

နောက်ဆုံး၌ အဖိုးကျိုးက သူ့ကို အထဲဝင်ခွင့်ပြုလိုက်လေသည်။ အဖိုးကျိုးသည် ဝူမိသားစုဝင်များကို တွေ့ချင်စိတ်မရှိသည်မှာ သိသာလှသည်။ 

" အဟမ်း...အကိုနျို...ဘယ်သူရောက်နေတာလဲ..."

ချင်းယွမ် ခြံဝန်းထဲသို့ ဝင်ရောက်လိုက်ပြီး အိမ်ထဲသို့ ရောက် မသွားခင်တွင် ခပ်တိုးတိုး ချောင်းဆိုးသံကို ကြားလိုက်ရသည်။ ထို့ကြောင့် သူ လှမ်းကြည့်လိုက်ရာ အခန်းထဲမှ ထွက်လာသော အဖိုးအို တစ်ယောက်ကို မြင်လိုက်ရ၏။ 

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Where stories live. Discover now