အပိုင်း ၁

1.1K 104 0
                                    

ကမ္ဘာကြီး၏ အဆုံးသတ်၌ ပြန်လည်မွေးဖွားခြင်း

ဂျူလိုင်လ ၁၅ရက်၊ ၂၀၃၅ ခုနှစ် ၊ ရုံးပိတ်ရက်။

ယနေ့သည် လူစည်ကားနေကျ အားလပ်ရက် ဖြစ်၏။ သို့သော် N မြို့တော်၏ လမ်းမများပေါ်ရှိ ယာဥ်အသွားအလာများမှ လွဲ၍ ဖြတ်သွားဖြတ်လာ အနည်းငယ်သာ ရှိနေသည်။ လူများ ရှိနေသည်ဆိုလျှင်ပင် သူတို့အားလုံးက ညည်းညူကျိန်ဆဲနေကြခြင်းသာ ဖြစ်သည်။

"ဆိုးလိုက်တဲ့ရာသီဥတု"

လူအများစုက ထီးများကိုယ်စီကိုင်၍ လမ်းလျှောက်ရင်း ကျိန်ဆဲလိုက်ကြသည်။

ဤသည်မှာကား အဆန်းမဟုတ်တော့ပေ။ N မြို့တော်တွင်သာ မဟုတ်ပဲ နိုင်ငံ၏ နေရာတိုင်း၌ ဤ သို့ဖြစ်ပွားနေကြခြင်း ဖြစ်သည်။ရာသီဥတု က ပုံမှန်မဟုတ်ဘဲ ပြောင်းလဲသွား၏။ ဂျူလိုင်လလယ်၌ အပူချိန်သည် ၅၀ ဒီဂရီသို့ ရောက်ရှိသွားခဲ့ပေသည်။ ဤသို့ပူပြင်းလှသောနေ့တွင် မည်သူက မကျိန်ဆဲဘဲ နေနိုင်လိမ့်မည်နည်း။ ယခုကဲ့သို့သော နေ့မျိုးတွင် အပြင်သို့ လမ်းလျှောက်ထွက်ရုံဖြင့် နေရောင်ခြည်က လူအများကို သေဆုံးသွားစေနိုင်ပေသည်။

ခေါက်ဆွဲဆိုင်ထဲ၌ ထိုင်နေရင်း ဝူချင်းယွမ် သည် အနံ့အရသာနှင့်ပြည့်စုံသော ခေါက်ဆွဲပြုတ်တစ်ပွဲကို စားနေလေ၏။ ထိုနေရာမှနေ၍ သူက နေရောင်ပြင်းပြင်း၏ အောက်၌ အရည်ပျော်လုမတတ်ဖြစ်နေသော လမ်းမကြီးနှင့် ညည်းညူရေရွတ်နေကြသော လမ်းသွားလမ်းလာများကို တည်တည်ငြိမ်ငြိမ် ဖြင့် ကြည့်နေလေသည်။

ဤသို့ပူပြင်းလှသော ရာသီဉတုမျိုးသည် များစွာကြာရှည်မည် မဟုတ်ဘဲ လအနည်းငယ်အတွင်း အေးမြလာမည်ဖြစ်ကြောင်း သူ သိရှိထားသည်။ဆောင်းဉီးရောက်သည့်အချိန်တွင် ကမ္ဘာ တစ်ခုလုံး နှင်းထုကြီးဖြင့် ဖုံးလွှမ်းသွားမည် ဖြစ်ပြီး ဤအဖြစ်အပျက်ကို TV သတင်းများနှင့် အင်တာနက် ပေါ်တွင် ပလူပျံအောင် ဆွေးနွေးကြပေလိမ့်မည်။

ထူဆန်းလှသော ရာသီဉတုသည် လူတိုင်း၏သိချင်စိတ်ကို နှိုးဆွမိပေလိမ့်မည်။ သို့သော် ဤအဖြစ်အပျက်အားလုံးသည် ကမ္ဘာကြီး၏ အဆုံးသတ်အတွက် ရှေ့ပြေးနိမိတ် တစ်ခုဖြစ်ကြောင်း မည်သူကမှ မသိရှိခဲ့ကြပေ။

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Where stories live. Discover now