အပိုင်း ၃

626 111 12
                                    

အပိုင်း  ၃  -ဒုတိယအဖိုးလေး

ဝူချင်းယွမ် ၏ မြို့လယ်ခေါင်၌ ရှိနေသော အိမ်ကို ဝူစုဖန်း တို့မိသားစု မျက်စိကျနေသည်မှာ ကြာပြီဖြစ်သည်။

ဝူချင်းယွမ် တွေးထားသည့် အတိုင်း သူကသာ ကြမ်းကြမ်းတမ်းတမ်းနှင့် ရန်စဖို့ မလွယ်သောသူ မဟုတ်ခဲ့လျှင် သူ့မိဘများ သေဆုံးသွားကတည်းက ဝူစုဖန်းတို့ မိသားစုသည် ထိုအိမ်ကို တိုက်ရိုက် လုယူသွားပေလိမ့်မည်။

ပြီးခဲ့သည့် နှစ်များတွင် ဝူချင်းယွမ် မည်မျှ ဝင်ငွေ ရရှိခဲ့သည်ကို ဝူစုဖန်း မသိရှိပေ။ သို့သော် ဝူချင်းယွမ် ၏ နေ့စဥ်ကုန်ကျစရိတ်နှင့် သူ့၏ အဝတ်အစားများသည် နွမ်းပါးသည့် ပုံစံမရှိသလို သူတို့ကဲ့သို့သော သာမန်လူများ၏ မျက်လုံးထဲ၌ ကမ္ဘာအနှံ့ ခရီးထွက်နေရသော ဝူချင်းယွမ်သည် ချမ်းသာကြွယ်ဝသည့်သူ ဖြစ်ပေသည်။ 

ထို့ကြောင့် ထိုမိသားစု၏ အတွေးထဲတွင် ဘာပဲဖြစ်ဖြစ် ဝူချင်းယွမ်က အရမ်းချမ်းသာပေသည်။ မြို့လယ်ခေါင်ရှိ သူ့အိမ်ဟောင်းမှာ သိပ်မကြီးလှဘဲ သူ့အတွက်သေချာပေါက် အဖိုးတန်မည် မဟုတ်ပေ။ သူတို့အားလုံးက ဆွေမျိုးများဖြစ်နေသည့် အတွက် ထိုအိမ်ကို သူတို့ထံပေးလိုက်သည်က ပိုကောင်းသည်။ 

ဝူစုဖန်းသည် အစက ယုံကြည်မှု အပြည့်အဝ ရှိနေသော်လည်း ဝူချင်းယွမ် ငြင်းဆန်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ အရင်က အကြီးအကဲများ အပေါ်  သိတတ် ရိုသေသည့် မူလပုံစံက ပြောင်းလဲသွားသည့် အပြင် သူမထံမှ ပင် ပိုက်ဆံ ပြန်တောင်းနေလေ၏။ သူက သူမကို ပိုက်ဆံ အပြည့်ပေးချေရမည်ဟူ၍ပင် တောင်းဆိုနေပေသည်။ 

သူတို့၏ အတွေးမှာကား အပြင်၌ လူများသည် အိမ်တစ်လုံးကို အကြွေးဖြင့်  ရနိုင်နေချိန်တွင် အဘယ်ကြောင့် သူတို့က မရရှိနိုင်ရမည်နည်း။ ဝူချင်းယွမ်၏ တောင်းဆိုမှုက လွန်ကျူးလွန်းလှ၏။ သူက သူ့၏ ဆွေမျိုးများ ရှေ့တွင် အကြင်နာတရားမရှိဘဲ အရှက်မရှိ လုပ်ဆောင်ခဲ့ပေသည်။

ဝူစုဖန်းက ဒေါသ တကြီးဖြင့် သူမ၏ ယောက်ျားနှင့် သားတို့နှင့် အတူ ဆွေးနွေးကာ ဝူချင်းယွမ်ကို စိုးရိမ်ပူပန်အောင် လုပ်ဆောင်ရန် အဆက်အသွယ် ဖြတ်ဖို့ ပြင်ဆင်ခဲ့သည်။ ထိုမှသာ သူအသိဝင်လာပြီး သူမအိမ်ရှေ့အထိ လာကာ သူ့အမှားကို ချက်ချင်း ဝန်ခံ၍ သူတို့ထံ အိမ်ကို ပေးလာပေလိမ့်မည်။

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Hikayelerin yaşadığı yer. Şimdi keşfedin