Part 16

247 44 4
                                    

"ဂျောင်ဝန်းရောက်လာတော့ ငါတကယ်အားရှိသွားပြီ"

ဆောင်းဟွန်းက ဂျောင်ဝန်းပုခုံးပေါ်ခေါင်းတင်ရင်း ခွေးပေါက်လေးလိုချွဲနေသည်

ဆောင်းဟွန်းနေမကောင်းဖြစ်ပြီဆို အနားမှာရှိတဲ့သူကို အီနေတတ်တဲ့အကျင့်ရှိသည်~~

"ပတ်ဆောင်းဟွန်းရာ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်စမ်းပါ မင်းနေမကောင်းဖြစ်တယ်ဆိုတော့ ငါဘယ်လောက်တောင်စိတ်ပူသွားလဲသိလား"

"ငါလည်းဂရုစိုက်နေတာပဲကို~~သူ့ဘာသူဖျားတာတော့ဘယ်လိုလုပ်ရမှာလဲလို့~~ဒါနဲ့ ငါဖျားတာ မင်းဘယ်လိုသိတာလဲ?"

"Jay ဆိုတဲ့လူကြီး ဖုန်းဆက်တာလေ~~
ဆောင်းဟွန်းနေမကောင်းလို့သူငယ်ချင်းဆီသွားလိုက်ဦးဆိုပြီး"

"မင်းတို့၂ယောက်က ဘယ်တုန်းကအဲ့လောက်ရင်းနှီးသွားတာလဲ??ငါတောင်မသိလိုက်ရဘူးနော်"

"အမ်~~အဲ့လောက်ကြီးရင်းနှီးတာလည်းမဟုတ်ပါဘူး~သူ့အမျိုးတစ်ယောက် ငါ့ဆီမှာဆေးခန်းပြရင်းနဲ့ မျက်မှန်းတန်းမိရုံပါ အဲ့လောက်ပဲ"

ဂျောင်ဝန်းက ပျာပျာသလဲငြင်းသည်~

သူ့မှာဆောင်းဟွန်းကိုပေးသိလို့မဖြစ်သေးတဲ့ကိစ္စတွေရှိသေးသည်~~

Jayဆိုတဲ့လူကြီးက စိတ်ချရတာမဟုတ်

တော်ကြာ ဆောင်းဟွန်းကိုပေါက်ကရတွေလျှောက်ပြောမှဒုက္ခ~~

"မင်းလည်း သူတို့ကိုသိပ်ယုံမနေနဲ့နော် ဆောင်းဟွန်း~~ သူတို့က mafiaတွေနဲ့အဆက်အသွယ်ရှိနေတယ်လို့ကောလာဟာလတွေထွက်နေတာ"

"mafia?????"

"ဟုတ်တယ်~ဂျပန်ယာကူဇာဂိုဏ်းကခေါင်းဆောင်တွေနဲ့တောင် Ethan Leeကရင်းနှီးတယ်တဲ့~သူကအဲ့ဒီကလူတွေနဲ့အလုပ်လုပ်နေတာလို့ ပြောနေကြတာကြားဖူးတယ် ပြောမရဘူး သူကိုယ်တိုင်ကလည်း mafiaဖြစ်ချင်ဖြစ်နေမှာပေါ့"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?? အီဟီဆွန်းက အဲ့လိုမကောင်းတဲ့ဟာတွေလုပ်မယ့်သူမှမဟုတ်တာကို"

"ငါပြောတယ် မင်းကို သိပ်ပြီးအယုံမလွယ်ပါနဲ့ဆိုနေမှ~ဟုတ်လားမဟုတ်လား သိချင်ရင် သူ့ကိုသေချာသတိထားပြီး စောင့်ကြည့်နေလေ"

MIXED COLORSWhere stories live. Discover now