Part 12

365 46 14
                                    

"အီဟီဆွန်းက ဘယ်တော့ပြန်လာမှာလဲ?"

"ဘယ်သိမှာလဲ ၁ရက်၂ရက်လောက်တော့ကြာဦးမယ်ထင်တယ်"

ဆောင်းဟွန်းကဂျောင်ဝန်းအတွက်Coffeeနဲ့
မုန့်တွေချပေးရင်းပြောသည်

"အော...ငါဒီအိမ်လာတာဘာမှမဖြစ်လောက်ပါဘူးနော်"

"မဖြစ်ပါဘူး  ငါလည်းအပြင်ထွက်နေတာမှမဟုတ်တာကို ပြီးတော့မင်းကငါ့အချစ်ဆုံးသူငယ်ချင်းပဲလေ ပြောရဲပြောကြည့်ပါလား ဟွန့်"

"ကြည့်ရတာဒီရက်ပိုင်းမင်းတို့၂ယောက်အဆင်ပြေနေပုံပဲ"

"အဆင်ပြေနေတာမဟုတ်ဘူး အဆင်ပြေအောင်နေနေရတာ ကြာကြာဝါးမယ့်သွားအရိုးကြည့်ရှောင်တဲ့ "

ပတ်ဆောင်းဟွန်းတို့ကတော့ပါးစပ်ကသာပြောနေပေမဲ့ လူကတော့စိတ်ချမ်းသာနေပုံပဲ

မျက်နှာလေးတောင်ပြည့်လာသေးတယ်

"ငါပြောသားပဲ အဆင်မပြေရင်ထွက်လာခဲ့ပါဆိုတာကို  "

"ငါဒီကထွက်လာလို့သူ့လက်ကလွတ်မှာလား တော်ကြာအလုပ်လက်မဲ့ဖြစ်သွားရင်ဘယ်လိုလုပ်မလဲ?"

"မင်းအလုပ်မရသေးခင် ငါနဲ့နေလေ အလုပ်လည်းငါရှာပေးလို့ရတယ် အဲ့ကိစ္စတွေကပူစရာမလိုဘူး အဓိကက မင်းစိတ်ပဲ"

"တော်ကြာမင်းကိုပါဒုက္ခပေးနေဦးမယ် တော်ပါပြီ ဒီလိုလေးဘာပြဿနာမှမဖြစ်ပဲနေနေရတာလည်းအဆင်ပြေပါတယ်"

ပတ်ဆောင်းဟွန်းကတကယ်ကိုဆေးမမှီတော့ဘူးပဲ~
အီဟီဆွန်းကိုပါးစပ်ကမုန်းတယ်ပြောနေပေမဲ့ အခုချိန်ထိ မစွန့်လွှတ်နိုင်သေးမှန်း ဂျောင်ဝန်းလည်းရိပ်မိပါသည်

သူကိုယ်တိုင်ကလည်း ဆောင်းဟွန်းစိတ်ချမ်းသာတာကိုပဲမြင်ချင်တာမို့ ထပ်မပြောတော့ပဲ စကားလမ်းကြောင်းပြောင်းလိုက်တော့သည်

"ဒါနဲ့ Rikiရော မတွေ့ပါလား "

"သူ့ကစားခန်းထဲမှာဆော့နေတယ် သူ့ကိုဆံပင်ညှပ်ပေးတာတိုသွားလို့တဲ့ ငါ့ကိုစိတ်ကောက်နေတယ်လေ"

"အော.....ဒီမှာသူ့အတွက် လိုမယ်ထင်တဲ့အားဆေးတွေဝယ်လာတယ် အဝတ်အစားတွေရော~ အခုကပူတော့ချည်သားလေးတွေဝယ်လာတာ မင်းပို့ပေးတဲ့ပုံထဲကအတိုင်း
ဆိုဒ်ကိုတော့မှန်းဝယ်လာတာပဲ ဝတ်ခိုင်း
ကြည့်ဦးလေ  မတော်ရင်ပြန်လဲခိုင်းလို့ရတယ်"

MIXED COLORSWhere stories live. Discover now