"ဂျောင်ဝန်းနား ရည်းစားလေးတစ်ယောက်လောက်ထားကြည့်ပါလား"
"သေရင်ကိုယ့်နောက်ပါမှာမို့လို့လား"
"ဒီစာတွေကျက်နေတာကရော သေရင်ကိုယ့်နောက်ပါမှာမို့လို့လား"
"သြော် အခုတော့ မင်းကဒီစကားပြောပြီပေါ့လေ အစကတော့ ငါ့ဘဝမှာ မိဘနဲ့စာကလွဲရင် တခြားမရှိပါဘူး မိဘပြီးရင်စာက နံပါတ်၁ပဲဆို"
"အခုတော့မတူတော့ဘူးလေ မိဘပြီးရင် ကိုကိုပဲ စာကကိုကို့လောက်အရေးမပါဘူး"
"ဆောင်းဟွန်းနား ငါတို့အခုရောက်နေတာ ဘယ်နေရာလဲ"
"စာကြည့်တိုက်လေ"
"ဘာလုပ်မို့လဲ"
"စာကျက်ဖို့ပေါ့"
"ဘာအတွက်လဲ"
"စာမေးပွဲအတွက်လေ"
"ဘယ်နေ့ဖြေမှာလဲ"
"နောက်၃ရက်နေရင်"
"အဲ့တာကို စာမလုပ်ပဲ ပေါက်ကရတွေထိုင်ပြောနေတယ် ကိုကို ကိိိုကိုနဲ့ မင်းမိဘတွေသာသိရင် ရင်ကွဲနာကျလိမ့်မယ် သိရဲ့လား"
"သိပါတယ် ကိုကိုနဲ့စာက သက်သက်စီပါနော် ငါကခွဲခြားထားပြီးသား"
"ဒါဆိုလည်း စာလုပ်လေ စာမေးပွဲမှာ အမှတ်မကောင်းရင် ငါမင်းအိမ်ကိုပြန်တိုင်မှာနော်"
"ဂျောင်ဝန်းကလည်း ငါ့ကိုဒါနဲ့ပဲ ခြိမ်းခြောက်နေတယ် ဟွန့်"
ပတ်ဆောင်းဟွန်းနှုတ်ခမ်းက ရှေ့ကိုတစ်တောင်လောက်ဆူထွက်လာပြီး စာရွက်တွေကိုလှန်နေတာများ ဆယ်ဘဝလောက်ကရန်ငြိုးရှိတာကျနေတာပဲ....
တကယ်ပဲ ဂျောင်ဝန်းတစ်ယောက် ဆောင်းဟွန်းကိုဘယ်လိုလုပ်ပေးရမလဲမသိတော့ဘူး
အစကတော့ စိတ်ကစားတာပါ အချိန်တန်ရင် ပြတ်မှာပဲဆိုပြီးလွှတ်ထားပေးခဲ့ပေမဲ့
အီဟီဆွန်းရဲ့ဆွဲဆောင်နိုင်စွမ်းကတော့ ပေါ့သေးသေးမဟုတ်ဘူး အခုထိဆောင်းဟွန်း
က ကိုကိုမှကိုကိုဖြစ်နေတာပဲကြည့်....အထက်တန်းနောက်ဆုံးနှစ်ရောက်နေပြီဖြစ်တဲ့ ဆောင်းဟွန်းက တက္ကသိုလ်တက်နေတဲ့
အီဟီဆွန်းကိုတစ်နေ့သုံးခါလောက်ဖုန်းဆက်တဲ့အပြင်နေ့တိုင်းသွားတွေ့တယ်
VOCÊ ESTÁ LENDO
MIXED COLORS (COMPLETE)
Fanficအီသန်လီက လုံးဝမပြောင်းလဲပါဘူး ပတ်ဆောင်းဟွန်းအပေါ်ထားတဲ့အချစ်တွေရော အတ္တတွေရော......