Part 3

360 43 3
                                    

စာအရမ်းတော်ပြီး ဆရာဝန်ဖြစ်ချင်တဲ့ဆောင်းဟွန်းက အထက်တန်းဒုတိယနှစ်မှာ ငယ်သူငယ်ချင်းဂျောင်ဝန်းတက်နေတဲ့ကိုယ်ပိုင်အထက်တန်းကျောင်းဆီပြောင်းလာခဲ့တယ်

အကြောင်းအရင်းကတော့အစိုးရကျောင်းမှာထက်ပိုပြီးစာကိုအာရုံစိုက်ချင်လို့ပါတဲ့

ဒါပေမဲ့ ဒီကျောင်းမှာ စာထက်သူ့ကိုပိုပြီးဆွဲဆောင်နိုင်တဲ့လူတစ်ယောက်ကိုရှာတွေ့ခဲ့တယ်

အီဟီဆွန်း.....
အထက်တန်းနောက်ဆုံးနှစ်က ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်....

သူ့မိဘတွေက ဒီကျောင်းမှာ ရှယ်ယာအများဆုံးပိုင်ဆိုင်ထားတာကြောင့် သူကကျောင်းရဲ့ရွှေမင်းသားလေးပဲ.....
ဆရာတွေကအစ သူ့ကို ဖူးဖူးမှုတ်ထားကြတယ်...

ရည်းစားတွေတစ်ပတ်တစ်ယောက်ထည်လဲတွဲတတ်သူ.....
ဖြစ်သမျှရန်ပွဲတိုင်းသူမပါရင်မပြီးတဲ့သူ.....

ဒီလိုလူမျိုးက စာတော်တယ်ဆိုတာဖြစ်နိုင်ပါ့မလားမသိပေမဲ့ အမှတ်စာရင်းထွက်လာရင်တော့ အီဟီဆွန်းက အမြဲတမ်းထိပ်ဆုံးကပဲ

သစ်ရွက်လှုပ်ရင်တောင်ရယ်ချင်တဲ့ ဆယ်ကျော်သက်အရွယ်မှာ ပတ်ဆောင်းဟွန်းက အီဟီဆွန်းကို မြင်မြင်ချင်းချစ်မိသွားတာအပြစ်တော့မဟုတ်ဘူးပေါ့......

ဒါကိုယန်းဂျောင်ဝန်းကဆောင်းဟွန်းရဲ့မျက်လုံးတွေမကောင်းတော့ဘူးဆိုပြီး ဆေးရုံမှာသွားပြဖို့တောင် အတော်လေးစိတ်အားထက်သန်နေလေရဲ့....

"စီနီယာဟီဆွန်းလို လူမျိုးကဘယ်အရာကိုမှလေးလေးနက်နက်တွေးတတ်တဲ့လူမျိုးမဟုတ်ဘူး သူကပေါ့ပေါ့နေပေါ့ပေါ့စား အချိန်တန်ရင် မိဘလုပ်ငန်းကိုဆက်ခံပြီး ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းမဲ့လူမျိုး.....
သူ့အတွက်အချိန်တွေအကုန်ခံမယ့်အစား စာကိုသာပိုပြီးတော့ကြိုးစားလိုက်စမ်းပါ"

အချစ်ရူးလေးပတ်ဆောင်းဟွန်းက ချစ်သူငယ်ချင်းလေး ယန်းဂျောင်ဝန်းရဲ့စကားတွေကိုလည်းနားမဝင်ပါဘူး ......
ရေခဲတုံးလေးလို့နာမည်ကြီးတဲ့ကောင်လေးက ရှိသမျှ သတ္တိတွေစုပြီးတော့ စီနီယာ့ကိုဖွင့်ပြောခဲ့ပါတယ်.....

MIXED COLORSWhere stories live. Discover now