ယခင်တိတ်ဆိတ်နေတဲ့အိမ်တော်ကဒီနေ့မှပိုတိတ်ဆိတ်နေသလိုလို.......ဟီဆွန်းဒီနေ့အိမ်ကပ်နေတာကြောင့်လည်း ဖြစ်နိုင်သည်...
ခြံထဲက အမိုးပါနားနေဆောင်အသေးလေးထဲမှာစာဖတ်လိုက် စာရင်းတွေပြန်စစ်လိုက်နဲ့ မနက်ပိုင်းကိုအချိန်ကုန်စေသည်ပုံမှန်ဆို အိမ်မှာဆောင်းဟွန်းတစ်ယောက်တည်း ယောက်ယပ်ခတ်နေမှာဖြစ်ပေမဲ့ ဟီဆွန်းကိုစိတ်ကောက်နေတာကြောင့်အပြင်တောင်တစ်ချက်လေးမှထွက်မလာ.....
သူတို့မကြာခဏဆိုသလို ကတောက်ကဆဖြစ်တတ်ကြပေမဲ့လည်း အနည်းဆုံးတော့နေ့တိုင်းမျက်နှာလေးမြင်နေရသေးတယ်လေ
အခုလိုကြီးကျတော့တစ်ခုခုလိုနေသလိိုမျိုး......ဟီဆွန်းက တစ်ခုခုဆိုချက်ချင်းဖြေရှင်းရမှကြိုက်တဲ့သူမျိုး~~~
"Hello Jay"
"ပြော ....ဘာကိစ္စစောစောစီးစီးကြီးဖုန်းဆက်တာလဲ"
"နာရီလည်းကြည့်ဦး ၁၀နာရီထိုးနေပြီ"
"ဒါငါ့အတွက်ပိတ်ရက်ဆို မိုးမလင်းသေးဘူးကွ ပြောစရာရှိတာမြန်မြန်ပြော ပြန်အိပ်ရမှာ"
"ဒီလိုကွာ~~~"
သူ့မှာကလည်း ရင်ဖွင့်စရာဆိုလို့ Jayပဲရှိတာကိုး
"ဒါကတော့ မင်းလွန်တာပေါ့ ငါအရင်တည်းကပြောဖူးသားပဲ သူ့ကိုအိမ်ထဲမှာချည်းပဲပိတ်လှောင်ထားလို့မရဘူးလေ လူပဲကွာအပြင်တော့ထွက်ချင်မှာပေါ့"
"သူတစ်ယောက်တည်းအပြင်လွှတ်ရမှာအန္တရာယ်များတယ် သူကစောင့်ကြည့်ခံရတာမျိုးလည်းမကြိုက် ပြီးတော့ သူထွက်ရင် Rikiပါထွက်ချင်လာမှာ"
"မင်းဘက်ကကြည့်ရင်တော့ ဟုတ်ပေမဲ့ သူ့ဘက်ကကြည့်ပြန်တော့ မင်းကအကြောင်းအရင်းမရှိ လိုက်ချုပ်ချယ်သလိုဖြစ်နေတာပေါ့"
"ဒါဆိုဘယ်လိုလုပ်သင့်သလဲ"
"ငါ့အထင်တော့ သူတို့ကိုအပြင်ထွက်ခွင့်ပေးလိုက်....."
"ဘာ~~~"
"Ethan Leeရယ် ငါ့စကားမဆုံးသေးဘူးကွ မင်းပါလိုက်သွားလေ အဲ့တာမှစိတ်ချရမှာပေါ့ မင်းလည်းသူနဲ့နည်းနည်းပါးပါးအဆင်ပြေအောင် ဖန်ဦးလေကွာ မင်းတို့၂ယောက်အမြဲတမ်းရန်ပဲဖြစ်နေကြတော့မှာလား"
![](https://img.wattpad.com/cover/353378127-288-k633830.jpg)
YOU ARE READING
MIXED COLORS
Fanfictionအီသန်လီက လုံးဝမပြောင်းလဲပါဘူး ပတ်ဆောင်းဟွန်းအပေါ်ထားတဲ့အချစ်တွေရော အတ္တတွေရော......