Part 2

415 46 2
                                    

"Papa နဲ့ Daddy က သားကြောင့်ရန်ဖြစ်ကြတာလားဟင်"

အသံသေးသေးလေးနဲ့ဆိုလာတဲ့ ချောလ်ဆူရဲ့ ငိုမဲ့မဲ့ရုပ်လေးကသနားစရာပင်....

"သားကြောင့်မဟုတ်ပါဘူး.....Daddyက Papaကိုစိတ်ဆိုးအောင်လုပ်ထားလို့ Papaက ဆူနေတာ...."

"ဒါပေမဲ့ Daddyက သားကိုကြည့်ပြီးတော့လည်းဆူသေးတယ်လေ....ကြည့်လိုက်ရင်လည်း ကြောက်စရာကြီး ဒီလိုကြီးကြည့်တာ..."

သူ့Daddyလို မျက်မှောင်ကြုတ် နှုတ်ခမ်းကြီးစူပြနေတဲ့ပုံက ကြောက်ဖို့မကောင်းဘဲ အသည်းယားစရာလေးဖြစ်နေတယ်...

သေသွားတဲ့ချောလ်ဆူလေးရဲ့အမေက အီဟီဆွန်းကိုဘယ်လောက်တောင်ချစ်လိုက်သလဲ

ချွတ်စွပ်တူအောင်မွေးပေးထားတယ်...

"ချောလ်ဆူလေးက အများကြီးလျှောက်မတွေးနဲ့နော် Daddyက အလုပ်တွေများနေတော့ သားနဲ့သိပ်မတွေ့ရလို့ စိမ်းသလိုဖြစ်နေတာ ဒါပေမဲ့ Papaကတော့သားကို ချစ်တာသိတယ်မလား"

"သားလည်းPapaကိုချစ်တယ် Daddyထက်ပိုချစ်တယ်..ဟိဟိ.."

"Papaကတော့ သားကိုထားမသွားဘူးမလားဟင်"

ကလေးက အဖော်အရမ်းမင်တဲ့အရွယ်မှာ ခင်တွယ်စရာရှားတော့ အနားမှာအချိန်ပြည့်ရှိနေတဲ့ဆောင်းဟွန်းကိုအတော်လေးချစ်သည်....

ဘာလုပ်လုပ် Papaနဲ့မှ Papaပါမှ ဆိုတာမျိုး....

သူကတော့ ချောလ်ဆူကို စိတ်ဒဏ်ရာတွေမပေးချင်ပါ....
အီဟီဆွန်းပေးထားတဲ့ ဥပေက္ခာတွေနဲ့တင် ကလေးအတွက်လုံလောက်နေခဲ့ပြီမို့.....

"ဒါပေါ့ Papaကသားကိုဘယ်တော့မှ ထားသွားမှာမဟုတ်လို့ သားက များများစားပြီးကျန်းမာအောင်နေရမယ်နော်...."

"Yes Papa"

စိတ်ချပါ...ဒီအိမ်ကထွက်သွားရမယ်ဆိုရင်တောင် ချောလ်ဆူကိုပါ အပါခေါ်သွားမှာမလို့.....

*********************************

ချောလ်ဆူလေး အိပ်ပျော်သွားတာသေချာတော့မှ အခန်းမီးပိတ်လို့ ညအိပ်မီးလေးထွန်းပေးပြီး ကပ်လျက်ကသူ့အခန်းကိုပြန်လာခဲ့တယ်

အိပ်ပျော်ဖို့ကြိုးစားပေမဲ့ အတွေးများနေတာကြောင့် မျက်စိကြောင်နေသည်...

MIXED COLORSWhere stories live. Discover now