Part 9

454 56 1
                                    

"Papa ဗိုက်ဆာတယ်"

"အဆိုးလေး နောက်ဆုံးတော့ဗိုက်ဆာပြီပေါ့"

ဆောင်းဟွန်းကတစ်နေကုန် ကစားကွင်းထဲမှာပတ်ကစားပြီးအခုမှဗိုက်ဆာလို့ သူ့ကိုချွဲနေတဲ့ပေါက်စကို ဆံပင်လေးတွေအသာဖွပေးရင်းချစ်စနိုးပြောသည်

"ဒီညအပြင်မှာစားရအောင်"

""Yay.....daddy တကယ်ပြောတာလား"

"တကယ်ပေါ့ သွားကြမယ်"

ဟီဆွန်းခေါ်လာတဲ့ဆိုင်ကဆောင်းဟွန်းတစ်ခါမှမသွားဖူးတဲ့ဆိုင်မျိုးဖြစ်သည်

အနောက်တိုင်းပုံစံနဲ့ အရှေ့တိုင်းအငွေ့အသက်တို့ရောနှောနေပြီးDecorationကိုကြည့်လိုက်တာနဲ့တင် တော်ရုံတန်ရုံစျေးကြီးတဲ့ဆိုင်မျိုးမဟုတ်လောက်မှန်းခန့်မှန်းမိသည်~~~

ညနေခင်းနဲ့လိုက်ဖက်တဲ့မီးလုံးအသေးလေးတွေကိုဆိုင်ထဲမှာ နေရာတကျထွန်းညှိထားပြီး indoor plantsလေးတွေနေရာချထားပုံကမျက်စိအေးပြီးချစ်စရာကောင်းလှသည်~~~

နွေးထွေးပြီးသက်သောင့်သက်သာရှိလှတဲ့အပူချိန်ကဒီဆိုင်ကိုကျိန်းသေပေါက်ထပ်လာချင်အောင်ဆွဲဆောင်နိုင်တဲ့အရာတွေထဲကတစ်ခု~~

ခြုံပြောရရင် အထက်တန်းလွှာတွေသာစုဝေးကြတဲ့ထမင်းဝိုင်းပုံစံမျိုး~~~

ဖော်ရွေတဲ့ဧည့်ကြိုကောင်မလေးတွေရဲ့လမ်းညွှန်မှုအတိုင်းအတွင်းဘက်ကျတဲ့စားပွဲမှာသူတို့ထိုင်လိုက်ကြသည်~~~

ဆောင်းဟွန်းက rikiကိုအရင်ဆုံးခုံပေါ်တင်ပေးလိုက်ပြီးမှ ဘေးခုံမှာဝင်ထိုင်လိုက်သည်~~

ဟီဆွန်းကမီနူးတစ်အုပ်ကိုသူ့ဆီကမ်းပေးလာသည်

"ဒီဆိုင်က ဂျပန်စာအရမ်းကောင်းတယ် ပိုင်ရှင်ကပဲရစ်ကနာမည်ကြီးဂျပန်စားဖိုမှူးလေ "

ဆောင်းဟွန်းကဟင်းလျာတွေကိုမကြည့်ပဲစျေးနှုန်းတွေကိုအရင်ကြည့်လိုက်သည်

ဟင်းတစ်ပွဲတန်ဖိုးကသူ့တစ်လစာနဲ့မတိမ်းမယိမ်း~~

ဘယ်လိုစိတ်မျိုးနဲ့မှာရပါ့မလဲ~~

"မရွေးတတ်တော့ဘူး ခင်ဗျားပဲမှာလိုက်တော့"

ဟီဆွန်းက rikiအတွက် miso ramenနဲ့ tanpuraရယ် သူတို့အတွက် wagyu beef steakနဲ့ Wineမှာလိုက်ပြီး sushi နဲ့ yakitori ပါထပ်မှာလိုက်သည်

MIXED COLORS (COMPLETE)Where stories live. Discover now