24 final

371 39 17
                                    

နေရောင်ခြည်နုနု‌ဆိုသော်ညား 11 နာရီအထိ အိပ်တတ်တဲ့ ဆောင်းဟွန်းအတွက်တော့ ဒါဟာ တကယ့်ကို ငရဲပင်။ ယခုမှာ‌တော့ မနက် 9နာရီခွဲဖြစ်နေပြီပင်။
ထိုးကိုက်လာသော ခေါင်းကြောင့် မျက်မှောင်များ ကြုံ့ကာ နှဖူးပေါ်သို့ လက်ဖဝါးအား တင်ထားမိလေသည်။

တော်ပါ။

အရက်ဆို စိတ်နာပြီ .. ။

" နောက်တစ်ခါဘယ်တော့မှမသောက်တော့ဘူး "

သောက်ပြီးလို့ ခေါင်းကိုက်တိုင်း ထိုစကားပြောတတ်တဲ့ ဆောင်းဟွန်းဟာ နောက်တစ်ပတ်နေရင်လဲ သွားသွားကစ်တတ်ပါသေးသည်။ သွားပြီ ဒီပုံစံနဲ့ သူဘယ်လို ထ‌ရတော့မလဲ ၊ မာမီခိုင်းထားတဲ့ အလုပ်တွေလဲ ရှ်ိသေးတယ် ဒီနေ့ မာမီ့ design တွေ ကိုရီးယားမှာ ပထမဦးဆုံး ပွဲထုတ်မှာ ပြီးတော့ နာမည်ကြီး model တစ်‌ယောက်ရဲ့ comeback runway ကို မာမီ့ရဲ့ design နဲ့လျှောက်မှာဆိုတော့ မာမီ့အစား သူက အလုပ်ရှုပ်ရတာပေါ့။

ကိုက်နေတဲ့ ခေါင်းကို ခနတာ လစ်လျူရှု့လိုက်ရင်း မျက်နှာသစ် သွားတိုက် ရေချိုးကာ ရေညှိဟင်းချို ချက်ရန် အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။

မာမီကတော့ မနက်အစောကြီးထဲက အလုပ်သွားသည်ဟု အိမ်အကူကောင်မလေး ပြော၍ သိလိုက်ရသည် ၊ အသင့်စား ရေညှိအား ရေနွေးအိုးထဲထည့်ကာ ရေညှိဟင်းချို ပြုလုပ်ရန် ပြင်ဆင်လိုက်လေသည်။

ဆောင်းဟွန်းက သိပ်အချက်ပြုတ် တော်တဲ့ထဲ မပါပါ ၊ ဒါပင်မဲ့ အသောက်အစားတော်တဲ့ထဲ ပါတော့ ဒီရေညှိဟင်းချိုတော့ လုပ်တတ်ထားမှ ရမယ်လို့ တွေးမိ၍ မာမီ့ဆီက ပြန်သင်ထားတာ ဖြစ်သည်။

ပန်းကန်လုံးထဲ ထည့်ကာ ထမင်းသုပ်ပြုလုပ်ရန် ပါဝင်ပစ္စည်းတို့ ထည့်ပြီး မနက်စာအား ထိုရေညှိဟင်းချို ထမင်းသုပ်ဖြင့် နှစ်ပါးသွားလိုက်လေသည်။

" တောက်! ပတ်ခ်ဆောင်းဟွန်းဟာ တော်လိုက်တာ "

ထမင်းတစ်လုပ်စားတိုင်း ရေညှိဟင်းချို သောက်တိုင်း သူ့ကိုယ်သူ ချီးကျူးလို့ မဆုံးပေ။

အဲ့လိုဆိုမှ ညက သူအိမ်ဘယ်လို ပြန်ရောက်လာတာလဲ ၊ ပြီးတော့ အိမ်သာထဲမှာ တွေ့ခဲ့တဲ့လူက ဂျေးလား ၊ မဖြစ်နိုင်တာ ခပ်ရေးရေးမြင်လိုက်ရပြီး tattoo လို့ထင်ရတဲ့ အရာက ဘာကိစ္စ ဂျေးရဲ့ကျောမှာ ရှိနေရမှာလဲ။

𝗠𝗘𝗘𝗧𝗜𝗡𝗚 𝗬𝗢𝗨 ✓Where stories live. Discover now