19

286 32 1
                                    

ဆေးရုံအခန်းလေးသည် ပုံမှန်လို တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေခဲ့သည်။ ကုတင်ပေါ် အိပ်စက်နေတဲ့ ဂျေးနဲ့ ဆိုဖာပေါ်မှာ အလုပ်လုပ်နေတဲ့ အယ်ဗန်နဲ့သာ ရှိ၏။

Company နှင့် Hotel ထိုနှစ်ခု၏ တာဝန်ကို ယူရသည်မှာ နည်းတဲ့ကိစ္စပင်မဟုတ်။ အယ်ဗန့်မှာ ခေါင်းပင် အတော်ခြောက်ရသည် ဂျိတ်ခ် နီခီ နဲ့ ဆောနူကတော့ ဆောင်းဟွန်းရှိတဲ့နေရာ လိုက်လံစုံစမ်းရေးကို စိတ်နစ်ထားလေသည်။

တိတ်ဆိတ်နေသော ဆေးရုံခန်းထဲက ‌ပိုးသတ်ဆေးအနံ့တို့ ရောယှက်နေသည့် လေထုအား အယ်ဗန့်ရဲ့ MacBook ရဲ့ keyboard ပေါ် ပြေးလွှားနေတဲ့ အသံနှင့်အတူ tv မှလာနေသော သတင်းအားတင်ဆက်နေသည့် သတင်းထောက်အသံတို့သည် လေဟာနယ်အား တိတ်တဆိတ် ဖြိုခွင်းနေသည်။

' Breaking news လွန်ခဲ့တဲ့ ငါးရက်က ဖြစ်ပွားခဲ့တဲ့ နာမည်ကြီး model Jay Park ရဲ့ ဖခင် သေနတ်မှန်ပြီး သေဆုံးခဲ့ပြီး ဈာပနတွင် SJ group ရဲ့ အမွေဆက်ခံသူ Sim Jaeyun နှင့် Evan Group ရဲ့ ပိုင်ရှင် အယ်ဗန်လီနှင့် Extraordinary (EXD) fashion company ပိုင်ရှင် နီရှီမူရာ ရီခီတို့နှင့် ကင်မ်ဆောနူတို့သာ တက်ရောက်ခဲ့ပြီး ဂျေးဟာဆိုရင် သူ၏ ချစ်ရသော ကောင်လေးနှင့် ခရီးက ပြန်လာထဲက ယခုအချိန်ထိ ဂျေးနှင့်အတူ ‌ဂျေး၏ ချစ်သူကောင်လေးပါ ပျောက်ဆုံးလျက် ရှိနေပါတယ်ရှင် ဒါကြောင့် စိုးရိမ်ပူပန်နေသော ဂျေးပတ်ခ်ဟ ပရိတ်သတ် အများစုက ဂျေးအဆင်ပြေအောင် ဆုတောင်းပေးနေကြပါတယ်ရှင်။
လက်ရှိ ALOHA HOTEL ကိုတော့
Mr.Evan Lee ကတာဝန်ယူ လုပ်ကိုင်ပေးနေလျက် ရှိပါတယ် နောက်ထပ် စိတ်ဝင်စားစရာ သ‌တင်းတွေကို ‌အချိန်နဲ့ တပြေးညီတင်ဆပ်ပေးပါ့မယ် အားလုံးကျေးဇူးတင်ပါတယ်ရှင် '

အယ်ဗန် သက်ပြင်းငွေ့ငွေ့ချရင်း ဂျေးအား လှမ်းကြည့်မိသည်။ အိမ်မက်ကမ္ဘာထဲမှာ ဆောင်းဟွန်းများရှိလို့ ယခုလို အကြာကြီး အိပါနေတာပါလားကွာ။

" ဂျေးရ မင်းအိပ်နေ‌တာ လုံလောက်ပြီလို့ ငါထင်တယ် အခုထပါတော့လား "

ဂျေး၏ ဒဏ်ရာများ ရှိသောပါးသို့ အယ်ဗန့်ရဲ့ လက်ချောင်း‌သွယ်သွယ်များရှိသော လက်သည် လာရောက် အုပ်ကိုင်သည်။ မျက်ရည်မလွယ်ဘူးဆိုတဲ့ အယ်ဗန်တောင် မျက်ရည်ကျမိလေသည် ၊ ဂျေးက သိပ်ကို သနားစရာ ကောင်းတဲ့ ကလေးလေးပါ။

𝗠𝗘𝗘𝗧𝗜𝗡𝗚 𝗬𝗢𝗨 ✓Where stories live. Discover now